မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ညောင်ဦးမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် လူကုန်ကူးမှု တစ်ခုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ၂၄ရက်နံနက်၇နာရီခန့်တွင် ညောင်ဦးမြို့နယ် ကုက္ကိုကုန်းကျေးရွာနေ မသီတာဝင်း(၂၃)နှစ်နိုင်ငံသားမှတ်ပုံတင်မရှိ (အဘ)ဦးမြို့ဝေသမီးအား ရခိုင်ပြည်နယ် အမ်းမြို့နယ် လေယာဉ်ကွင်း ရပ်ကွက်နေသူှ(အဘ)ဦးတင်လှိုင်သမီးမခင်ခင်လှ က ထမင်းဆိုင်တွင်စားပွဲထိုး အလုပ်လုပ် ရမယ်လို့ သိမ်းသွင်းခဲ့တယ်လို့ သိရပါတယ်။တစ်လလျှင်တစ်သိန်းကျပ်ဖြင့် တစ်နှစ်စာအတွက် ၁၂ သိန်းရမယ်ဟုပြောဆိုစည်းရုံးကာ မန္တလေးမူဆယ်လမ်းသို့ ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲ့ဒီကနေမှတစ်ဆင့် တရုတ်နိုင်ငံရှိ အမည်မသိတရုတ်အမျိုးသားတစ်ဦးထံ မြန်မာငွေကျပ်သိန်း(၃၀) ဖြင့် ရောင်းစားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ရောင်းစားခံရသူ မသီတာမြင့်က မိဘများထံဆက်သွယ် အကြောင်းကြားချက်အရ မိဘများက သက်ဆိုင်ရာရဲအရာရှိများထံအသိပေးတိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါတိုင်ကြာချက်အရ မသီတာမြင့်အား လက်ပန်ခြေပေါ်တိုက်နယ်စခန်းပိုင်ရဲအုပ်မြဝင်း ရဲကင်းစခန်းမှုးနှင့် အဖွဲ့များမှ သွားရောက်ပြန်လည်ခေါ်ဆောင် လာခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖဝါရီ၁၇ရက်နေ့နံက်၆နာရီမှာတော့ ကျေးရွာ တာဝန်ခံကျေးရွာ ရပ်မိရပ်ဖများနှင့်အတူ မိဘများရှေ့မှောက် အရောက်အပ်နှံပေးခဲ့တယ်လို့ ရဲအုပ်မြဝင်းကပြောပါတယ်။ တရားခံဖြစ်သူ မခင်ခင်လှကိုတော့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ၊ မြိုမရဲစခန်းမှနယ်ထိန်းအဖွဲ့နှင့်လက်ပန်ခြေပေါ်ရဲကင်းစခန်းအဖွဲ့များပူးပေါင်းချိတ်ဆက်ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီးအဆိုပါ တရားခံဖြစ်သူအား တည်ဆဲဥပဒေများအရ အရေးယူဆောင် ရွက်သွားမှာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - ကျော်ဌေး-ညောင်ဦး(မြန်မာ့အလင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။