ရီးရဲလ်တိုက်စစ်မှူ း ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ် အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(Ballon d'Or) ဆွတ်ခူးသွားခဲ့ပါတယ်။ ယခုအကြိမ်နဲ့ဆိုရင် ရော်နယ်ဒိုဟာ ၄ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ၅ကြိမ်ရရှိထားတဲ့ ပြိုင်ဘက် မက်ဆီကို မှီဖို့ တကြိမ်သာ လိုတော့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရော်နယ်ဒိုဟာ ယူရို၂၀၁၆ချန်ပီယံ ပေါ်တူဂီအသင်းအတွက် ၃ဂိုးသွင်းယူပေးခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းအတွက်လည်း ချန်ပီယံဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Ballon d’Or ဆုဟာ ကမ္ဘာတဝန်းက ဂျာနယ်လစ်ပေါင်း ၁၇၃ဦးရဲ့ မဲပေးမှုနဲ့ ရွေးချယ်ရာမှာ ရော်နယ်ဒိုက မဲရမှတ် ရ၄၅မှတ်နဲ့ မက်ဆီကတော့ ၃၁၉မှတ်သာရရှိခဲ့ပါတယ်။ ဒါကြောင့် အမှတ်ကွာခြားမှုက ၄၂၆မှတ်အထိရှိခဲ့ပြီး အဆိုပါဆုကို ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် Ballon d’Or ဆုမှာ ဒုတိယနေရာမှ မက်ဆီ၊ တတိယနေရာမှာတော့ ဂရစ်ဇ်မန်းတို့ ရပ်တည်ခဲ့ပါတယ်။ ပဏာမကစားသမား ၃၀ စာရင်းထဲမှာတော့ ဘေးလ်က အဆင့် (၆) နှင့် လက်စတာတိုက်စစ်မှူးဗာဒီက အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Photo - AFP
Photo - EPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။