ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ နယ် နှောရိုးကျေးရွာ အနောက်ဘက်တွင် တရားမဝင်ပိတောက်ခွဲသားများ သယ်ဆောင်လာသော ယာဉ်တစ်စီးအားဖမ်းစီးရမိ ခဲ့တယ်လို့ သိရပါတယ်။အဆိုပါမသင်္ကာဖွယ်ယာဉ်အား မြို့နယ်ရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် ပိတောက်ခွဲသား လေးချောင်းတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။တရားမဝင် သစ်ခွဲ သားများနဲ့အတူ ယာဉ်မောင်းတစ်ဦး ၊လိုက်ပါလာသူတစ်ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါဖြစ်စဉ်မှာတော့ ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာအနောက်ဘက် မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ် ၁၅ဝ တွင် ယာဉ်အမှတ်MDY8E/----လိုက်ထရပ်ယာဉ်အား မြို့နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်သစ်တော ဦးစီးဌာနမှတာဝန်ရှိသူများက တားဆီးစစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။၎င်းယာဉ်ရဲ့အနောက် ဘက်ခြမ်းမှာတော့ တရားမဝင်ပိတောက်ခွဲ သားလေးချောင်းနဲ့အတူ ယာဉ်မောင်း ဝင်းလှိုင် မျိုးနှင့်အတူ လိုက်ပါလာသူ မင်းထွန်းကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှရဲအရာရှိတစ်ဦးကပြောပါတယ်။ ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်ပိတောက်ခွဲ သားလေးချောင်းကတော့ သုည ဒသမ ၄၇၄ဝတန် ရှိ တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သက်သေခံသစ်ခွဲသားများ၊လိုက်ထရပ်ယာဉ်တစ်စီးနှင့် ယာဉ်မောင်း ဝင်းလှိုင်မျိုး၊နောက်လိုက် မင်းထွန်းတို့ကို ယင်းမာပင်မြို့ နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ဆက်လက်ပြီး အဆိုပါ တရားခံများအား ယင်းမာပင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - ထွန်းကိုကို(ကြေးမှုံ)  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။