လူပေါင်း ၁၇ ဦး သေဆုံးခဲ့ရတဲ့ ဖလော်ရီဒါ စာသင်ကျောင်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူတွေ တက်ရောက်ကုသနေလျက်ရှိတဲ့ ဆေးရုံသို့ ဖေဖော်ဝါရီ ၁၆ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးဖြစ်သူ တို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်ရပ်ဆိုးအတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြပြီး ဒဏ်ရာတွေ အသီးသီး ရရှိသွားသူတွေဆီကို သမ္မတ ထရမ့်က ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေး နှစ်သိမ့်ခဲ့တာဖြစ်ပါတယ်။။

ပြီးခဲ့တဲ့ ဗယ်လင်တိုင်းနေ့က ဖြစ်ခဲ့တဲ့ အဆိုပါစာသင်ကျောင်း ပစ်ခတ်မှုဖြစ်စဉ် အပြီး သေဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက်ကတော့ အခက်ခဲဆုံးနေ့ရက်တွေကို ဖြတ်သန်းနေရလျက်ရှိပြီး ယခုအခါမှာတော့ ထရမ့်နဲ့ ဇနီးဖြစ်သူတို့ကတော့ ဒဏ်ရာရသူတွေ တက်ရောက်နေတဲ့ ဆေးရုံကို ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းသေနတ်ပစ်မှု တရားခံ နဲ့ပတ်သက်လို့ ကြိုတင်သတင်းရထားပြီး ဖြစ်ပေမယ့် ကြိုတင်ထိန်းချုပ်တားဆီးနိုင်ခဲ့ခြင်းမရှိခဲ့ဘူးဆိုပြီး FBI က ထုတ်ဖော်ဝန်ခံသွားပါတယ်။

သေနတ်သမားဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် နီကိုးလပ်စ် ခရုဇ်ဟာ လူအစုအပြုံလိုက်သေစေအောင် ပစ်ခတ်ဖို့ ကြံစည်နေကြောင်း သတင်းပေးချက်တစ်ခုကို ဇန်နဝါရီလကတည်းက လက်ခံရရှိထားခဲ့တယ်ဆိုပြီး FBI က ၀န်ခံသွားခဲ့ပါတယ်။ 

source - AFP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။