ဂျာမနီမှာကျင်းပခဲ့တဲ့ IF Design Award ပွဲမှာMeizu Pro 7 ဟာ Oscar in Design ဆုကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ မီဇူးက နိုင်ငံပေါင်း ၅၄ ခုမှ ပြိုင်ပွဲဝင် စမတ်ဖုန်းပေါင်း ၆၄၀၀ ကျော်အနက်ကနေအခုလိုရွေးချယ်ခံရတာလို့ ပြောပါတယ်။Meizu က ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းအသစ် နှစ်လုံးကိုယခင်နှစ် ဇူလိုင်လမှာမိတ်ဆက် ခဲ့ပါတယ်။ အဲဒီစမတ်ဖုန်းများရဲ့ အရှေ့နဲ့ အနောက် ဘက်မှာ Display တစ်ခုစီတပ်ဆင်ထားပါတယ်။ အနောက်ဘက် ကင်မရာ များရဲ့ အောက်ဘက်မှ အရွယ်သေး Display ကနေNotification များကို ကြည့်ခြင်း၊ Music Player ကိုထိန်းချုပ်ခြင်း၊ အနောက် ကင်မရာဖြင့် Selfieများရိုက်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။ 

Meizu Pro 7 မှာ ၅.၂ လက်မ Super AMOLED Full HD Display , Helio P25 Chipset, 4GB RAM, 64GB Storage , 3000mAh Battery များတပ်ဆင်ထားပါတယ်။ Pro 7 Plus မှာ ၅.၇ လက်မ QHD Display , Helio X30 Deca-Core Chipset , 6GB RAM, 128GB Storageများထည့်သွင်းထားပါတယ်။ စမတ်ဖုန်းနှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ 12MP Camera နှစ်လုံး တပ်ဆင်ထားပြီးတစ်လုံးကအရောင်၊နောက်တစ်လုံးကအဖြူအမည်းရုပ်ပုံများကိုဖမ်းယူပေးနိုင်ပါတယ်။ 

ကင်မရာ နှစ်လုံးပေါင်းစပ်၍ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာအရည်အသွေးမြင့်မားတဲ့ဓါတ်ပုံများရိုက်ကူးပေးနိုင် ပါတယ်။ အရှေ့ဘက်မှာတော့ 16MP Camera တပ်ဆင် ထားပါတယ်။ Android Nougat အခြေပြု Flyme OS ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ၂ လက်မအရွယ် Super AMOLED Display ပါပါ တယ်။Pro 7 ကို ၄၃၀ ဒေါ်လာ၊ Pro 7 Plus ကို ၅၃၀ ဒေါ်လာသတ်မှတ် ထားပါတယ်။ မြန်မာငွေအားဖြင့်ကျပ် ၅၈၀ ၀၀၀ နဲ့ ကျပ်၇၂၀ ၀၀၀ ဝန်းကျင် အသီးသီးကျသင့်နိုင်ပါတယ်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။