တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၆) စတင်ကာ တရုတ်နိုင်ငံသံရုံးရဲ့ ဦးဆောင်စီစဉ် မှုဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင်တရုတ်ရုပ်ရှင်ပွဲတော်ကြီးကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီး နားမြို့ မြို့သစ်ရပ်ကွက်ရှိ "ဧရာ"အဆင့်မြင့်ရုပ်ရုံကြီးတွင်လည်း တရုတ်ရုပ်ရှင်ပွဲတော်အဖြစ် ညနေ ၆နာရီ ၄၅မိနစ်မှ စတင်ကာရုပ်ရှင်အခမဲ့ပြသခဲ့တာပဲ ဖြစ်ပါတယ်။"ဧရာ"အဆင့်မြင့်ရုပ်ရုံကြီးတွင်ရုပ်ရှင်အခမဲ့ ပြသတဲ့ အစီစဉ်ကိုတော့ ဖေဖော်ဝါရီ၁၆ရက်ကနေ ၂၂ရက်အထိ(၇)ရက်ကြာ ပြသပေးသွားမှာ ဖြစ်တယ်လို့ ရုပ်ရှင်ရုံ ပိုင်ရှင် ဦးဆန်းတောက်ကပြောပါတယ်။ 

အဆိုပါရုပ်ရှင်ပွဲတော်ကျင်းပမှုနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ တရုတ်နှစ်သစ်ကူး အထိမ်း အမှတ် အဖြစ် ရုပ်ရှင်ပွဲတော်မှာပါဝင်ခွင့်ရရှိတာ ဝမ်းသာဂုဏ်ယူ မိပါတယ် မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါတယ်”လို့ ၎င်းကပြောပါတယ်။ ဒီနှစ်က တရုတ်လူမျိုးတွေအယူအရ "ခွေး"နှစ်ပါ ၊ခွေးဆိုတာ သခင်အပေါ် သစ္စာရှိတယ်၊ အဲဒီလိုပဲ ကျွန်တော်တို့က တစ်ဦးအပေါ်တစ်ဦးသစ္စာရှိရမယ်လေ၊ကောင်းမြတ်တဲ့နှစ်ဖြစ်ပါတယ်"လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ ဧရာရုပ်ရှင်ရုံတွင် ဖေဖော်ဝါရီ၁၆ရက် ၂၀ရက်နှင့် ၂၁ရက်များတွင် တွင်Kung Fu Yoga, ဇာတ်ကားအား လည်းကောင်း၊ဖေဖော်ဝါရီ၁၇ရက်နှင့် ၂၂ရက်များတွင် Detective Chinatong, ဇာတ်ကား အားလည်းကောင်း၊ ဖေဖော်ဝါရီ၁၈ရက်တွင် Go Away Mr. Tumor,ဇာတ်ကား၊ ဖေဖော်ဝါရီ၁၉ရက် တွင် Xuan Zang ဇာတ်ကားများအား နေ့စဉ်ပြသသွားမယ်လို့ သိရပါတယ်။ 

ရုပ်ရှင်ရုံဝင်ခွင့်လက်မှတ်များကိုတော့ နေ့စဉ်နံနက်၈နာရီမှစတင်ကာ လက်မှတ်ရောင်းကောင်တာတွင် အခမဲ့တောင်းယူနိုင်မှာပဲဖြစ်ပါတယ်။အလားတူ တရုတ်ရုပ်ရှင်ပွဲတော်အား ရန်ကုန်မြို့ တွင် နေပြည်တော် ရုပ်ရှင်ရုံ၊ နေပြည်တော်မြို့ကောင်စီနယ်မြေတွင် အောင်သပြေရုပ်ရှပ်ရုံ၊မန္တလေးမြို့တွင် ဝင်းလိုက်ရုပ်ရှင်ရုံ ၊ပဲခူးမြို့တွင် မင်္ဂလာရွှေဟင်္သာရုပ်ရှင်ရုံ၊ပခုက္ကူမြို့တွင် သီဟရုပ်ရှင်ရုံ၊တောင်ကြီးမြို့တွင် City Square ရုပ်ရှင်ရုံ၊ မော်လမြိုင်မြို့တွင် Paradisoရုပ်ရှင်ရုံ၊မုံရွာမြို့တွင် Paradisoရုပ်ရှင်ရုံ၊ပုသိမ်မြို့တွင် ရွှေပြည်တော်ရုပ်ရှင်ရုံ၊ ထားဝယ်မြို့တွင် အောင်မင်္ဂလာရုပ်ရှင်ရုံ နှင့်ဘားအံမြို့တွင် ဦးဆောက်ပန်းရုပ်ရှင်ရုံတို့၌ တပြိုင်တည်း ပြသလျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - ဝင်းနိုင်(မြန်မာ့အလင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။