ကဗျာတစ်တန် စာတစ်တန် နဲ့ အချစ်တွေအလွမ်းတွေကို တဖက်သူကြွေကျလောက်အောင် ဖွဲ့နွဲ့တက်တဲ့ အေးသောင်းကတော့ ဒီနေ့လည်း ရင်ဖိုလောက်တဲ့ စကားလုံးလေးနဲ့ တဖက်သူကိုချုပ်လိုက်ပြန်ပါတယ်။

မကွေးမြို့ကို အလုပ်ကိစ္စအတွက်ရောက်နေတဲ့ သူမက အလွမ်းသမလေးဖြစ်နေတာမို့ သူမအတွက်တော့ အလွမ်းဆိုတာ ဖုန်းပြောရင်းနဲ့တောင် ပြေးတွေ့ချင်လာတာမျိုးပါတဲ့ ။

မိန်းခလေးမို့ ချစ်သူအပေါ်စိတ်လဲကောက်တက်တဲ့သူမက ရာသီဥတုပြောင်းလဲသလို သူမရဲ့အချစ်တွေကလည်း ပြောင်းလဲနေပါတယ်တဲ့။ တနေ့က မင်းကိုစိတ်ကောက်ချင်ကော က်မယ် မနေ့ကတော့ မင်းကိုလွမ်းနေတယ် ဒီနေ့တော့ မင်းကိုချစ်နေမိပါတယ်လို့လဲ ဆိုပါတယ် ။

ဒီလိုအလန်းစားစကားလုံးလှလှကလေးတွေနဲ့ သူမချစ်သူကိုပျော်ရွှင်အောင်ထားသလို ပရိသတ်ကြီးကိုလည်း သူမက ဒီလိုစကားလုံးလေးတွေနဲ့ ချုပ်နိုင်သူပါ။ ဒါကလည်း သူမရဲ့ဆွဲဆောင်မှုရှိတဲ့ အချက်တွေထဲမှာ ပါဝင်နေတာမို့ ပရိသတ်တွေက အချစ်ပိုနေကြဆဲပါပဲ။

မအေးသောင်းခေတ်လို့ ပြောရလောက်အောင်ကို အဆက်မပြတ်တဲ့ အနုပညာလှုပ်ရှားမှု တွေနဲ့ အတူ ဖွင့်ပွဲတွေ အခမ်းအနားတွေမှာ မပါမဖြစ်သူတစ်ယောက်အနေနဲ့ နာမည်ရကာ အောင်မြင်နေသူတစ်ယောက်ပါ။

ဒါတွေကတော့ မအေးသောင်းမှ မအေးသောင်းရယ်လို့ အချစ်ကြီးချစ်နေကြတဲ့ Myanmar Load ကပရိသတ်ကြီးအတွက် သူမရဲ့ လတ်တလောအကြောင်းအရာလေးများကို ဝေမျှပေးခဲ့တာပါ။

Source – Aye Thaung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။