သေနတ်ကြောင့် လူအများအပြားသေဆုံးခဲ့ခြင်းကြောင့် ဖလော်ရီဒါပြည်သူများ သေနတ်နဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေ မြင့်တတ်လာပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်သွားဖို့ ဖလော်ရီဒါပြည်နယ် ဖော့ လော့ဒတ်ဒေးမြို့မှာရှိတဲ့ ဖယ်ဒရယ် တရားရုံးအပြင်ဖက်မှာ လူထောင်နဲ့ချီ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီဆန္ဒပြသူတွေထဲမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါမြို့ ကျောင်းတွင်း ပစ်ခတ်မှုမှာ အသက်မသေပဲ ကျန်ရစ်သူတွေလည်း ပါဝင်ပါတယ်။

ဆန္ဒပြသမားတွေက ဒီလောက်ဆို တော်သင့်ပြီ။ သေနတ် အလိုမရှိ အလိုမရှိ ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲဒီ့ကျောင်းရဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ နီကိုးလက်စ် ခရုဇ်ရဲ့ ပစ်ခတ်မှုကြောင့် ၁၇ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေဆီကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်နှိမ့်သိမ့်ခဲ့ပေမယ့် သေနတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ ပိတ်ပင်သွားဖို့ အကြောင်း တစ်လုံးမှ မဟခဲ့ပဲ ပစ်ခတ်မှုတွေဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်း ဖြစ်မှုကြောင့်သာဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ပါတယ်။

ဒါကြောင့်လည်း မစ္စတာ ထရမ့်ကို အပြင်းအထန် ဝေဖန်နေကြပါတယ်။ 

source  - BBC news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။