အနုပညာလောကထဲက အောင်မြင်လှတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့နေတိုးကတော့ ပရိတ်သတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ထားနိုင်တဲ့မင်းသားတစ်လက်ဖြစ်မယ်လို့ထင်ပါတယ်။ နေတိုးကတော့အနုပညာရှင်တွေရဲ့ပန်းတိုင်ဖြစ်တဲ့ အကယ်ဒမီဆုကိုလည်းထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။နေတိုးရဲ့သရုပ်ဆောင်မှုတွေကိုရော ပရိတ်သတ်တွေကြိုက်နှစ်သက်ကြရဲ့လား။

နေတိုးရဲ့ ဇတ်ရုပ်ကိုပီပြင်အောင် ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေက တက်သစ်စအနုပညာရှင်တွေအတွက်လေးစားစရာကောင်းလှပါတယ်။နေတိုးကတော့အချစ်၊အလွမ်း၊ဟာသ ၊ဇတ်ကြမ်းမည်သည့် ကာရိုက်တာကိုမဆို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသားတစ်လက်လဲဖြစ်ပါတယ်။နေတိုးကတော့ အလှူအတန်းတွေလဲ မကြာခဏလုပ်လေ့ရှိပြီး အားပေးတဲ့ ပရိတ်သတ်တွေအပေါ်မှာလဲ သံယောဇဉ်ကြီးမားလှတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။

သူရဲ့ဖေ့ဘွတ်အကောင့်ကနေလဲ အားပေးတဲ့ပရိတ်သတ်တွေကို ကျေးဇူးအရမ်းတင်တဲ့အကြောင်းကို ပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေနဲ့ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။နေတိုးကတော့ကျေးဇူးရှင်ပရိတ်သတ်ကို အမြဲစိတ်နှလုံးသားထဲထည့်ထားတတ်တဲ့ မင်းသားတစ်လက်လဲဖြစ်ပါတယ်။နေတိုးရဲ့ ပရိတ်သတ်အပေါ်ထားတဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကိုလေးစားစရာကောင်းလှပါတယ်။

source - Nay Toe


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။