ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီက တော့ စီရော်နယ်ဒိုကို ဝေဖန်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းနဲ့ PSG အသင်းပွဲစဉ်မှာ စီရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သို့သော် ဇာဗီက အဲ့ပွဲစဉ်မှာ နေမာ ဟာ စီရော်နယ်ဒိုထက် ပိုကောင်းခဲ့တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

ဇာဗီဟာ စီရော်နယ်ဒိုကို မကြာခဏ ဝေဖန်မှုတွေပြုလုပ်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ယခုအခါမှာလည်း စီရော်နယ်ဒိုဟာ PSG အသင်းနဲ့ပွဲမှာ ဘာများစွမ်းဆောင်ရည်ကောင်းခဲ့လဲဆိုပြီး ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဇာဗီဟာ နေမာကို ချီးကျူးစကားတွေ ပြောဆိုခဲ့သေးတာလည်းဖြစ်ပါတယ်။

ဇာဗီရဲ့ ပြောကြားချက်တွေမှာတော့ ” လူတွေဟာ စီရော်နယ်ဒို က နေမာထက် ပိုကောင်းတယ်လို့ ထင်နေကြပါတယ်။ဒါဟာ မဟုတ်ပါဘူး။ဒါဟာ တရားမျှတမှုလည်းမရှိပါဘူး။ စီရော်နယ်ဒို ဘာတွေများလုပ်ပြခဲ့လို့လည်း၊ပယ်နယ်တီသွင်းဂိုးတစ်ဂိုးနဲ့ ဒူးနဲ့တိုက်ပြီး သွင်းတဲ့ဂိုးတွေကိုလား?ဒါဆိုရင် နေမာကရော သူက အန္တရာယ်ရှိတဲ့ အနေအထားတွေ ဖန်တီးနိုင်ခဲ့တယ်။တန်ပြန်တိုက်စစ်ကနေတဆင့် ပြိုင်ဘက်ကစားသမားတွေကို စိုးရိမ်မှုတွေဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ ခြေစွမ်းတွေဟာ နေမာက ပိုကောင်းတယ်ဆိုတာသက်သေပြနေတယ် ” လို့ ဆိုခဲ့ပါတယ်။

Source - Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။