ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် မင်္သကာဖွယ်ရာ ဟန်းဆက်လိုက်လံရောင်းချနေသူအား ခေါ်ယူစစ်ဆေး ခဲ့ရာမှ ကျပ်သိန်း (၁၅၀)ဖိုး ဖောက်ထွင်းမှုကျူးလွန်ထားသူ ဖြစ်နေတယ်လို့ သိရှိခဲ့ရပါတယ်။အဆိုပါ ဖြစ်စဉ်အား ဆက်လက်စစ်ဆေးခဲ့ရာ လွန်ခဲ့သောနှစ်ပတ်ခန့်က မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ရှိ နေအိမ် တစ်အိမ် ဖောက်ထွင်းခံရမှုကြောင့် ရွှေထည်မျိုးစုံ ကျပ်သိန်း(၁၅၀)ခန့်နှင့် ဟန်းဆက်တစ်လုံးပါသွားခဲ့တယ်လို့ သိရပါတယ်။၎င်းဖောက်ထွင်းမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေစဉ် ဖေဖေါ်ဝါရီ (၁၆)ရက်နေ့က မိုးကောင်းဘူတာအနီး အမျိုးသားတစ်ဦးမှ SAMSUNG အမျိုးအစား အဖြူရောင်ဟန်းဆက် ကို ကျပ်တစ် သောင်း ငါးထောင်ဖြင့် လိုက်လံရောင်းချနေတယ်လို့ သတင်းရရှိတာကြောင့် ၎င်းအားသွားရောက် စစ်ဆေး ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ဟန်းဆက်လိုက်လံရောင်းချနေသူ အားစစ်မေးမြန်းရာမှာတော့ မိုးကောင်းမြို့၊ ကျွန်းတောရပ်နေ ဒေါင်လွမ်း(၂၇)နှစ် အမည်ရှိအမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။၎င်းရောင်းချနေသော ဟန်းဆက်နဲ့ ပတ်သတ်ပြီးလည်း ပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ သက်သေ မပြနိုင်သဖြင့် ယင်းဟန်းဆက်ကို သက်သေများရှေ့တွင် သိမ်းဆည်းပြီးမိုးကောင်းမြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ဆက်လက်ပြီးတရားခံ ဒေါင်လွမ်းအား အမှုဖွင့်စစ်ဆေးမေးမြန်းရာ လွန်ခဲ့သောနှစ်ပတ်က ဖိုးချစ်ကုန်းရပ်ရှိ နေအိမ်ကို ဖောက်ထွင်း သူဖြစ်နေကြောင်းသိရှိခဲ့ရတယ်လို့ မိုးကောင်းမြို့မရဲစခန်းမှ အရာရှိ တစ်ဦးကပြောပါတယ်။  

ခိုးယူသွားခဲ့တဲ့ ရွှေထည်ပစ္စည်းများကိုတော့ ဈေးကုန်းရပ်နေ မထုဘူ(ခ)မနွယ်နွယ်ပြုံး ဆိုသူအမျိုးသမီးက လက်ခံထုခွဲပေါင်နှံပေးခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီး သက်သေများနှင့် အဆိုပါ ရွှေထည်များ ရောင်းချ ပေါင်နှံထားသောနေရာတွင် လိုက်လံသိမ်းဆည်းရာ ရွှေထည်ပစ္စည်း(၂၄)မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၁၁၀) ဖိုးခန့် ပြန်လည် သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။ကျန်ပစ္စည်းများရရှိနိုင်ရေး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။