လီဗာပူလ်းအသင်းရဲ့ ကစားသမား ဆာလက်ဟာ ဂိုးသွင်းခြေစွမ်းတွေပြသနေလျက်ရှိပြီး အကောင်းဆုံးခြေစွမ်းကို ရရှိနေတာလည်းဖြစ်ပါတယ်။ရာသီအစက လီဗာပူလ်းအသင်းဟာ ဆာလက်ကို ရိုးမားအသင်းကနေခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ဆာလက်ဟာ လီဗာပူလ်းအသင်းမှာ အမြန်ဆုံးအခြေကျခဲ့ပြီး အသင်းကို သွင်းဂိုးတွေနဲ့ အထောက်အပံ့ပေးနေတာလည်းဖြစ်ပါတယ်။

အသင်းရဲ့ကြယ်ပွင့်ကစားသမား ကော်တင်ဟိုထွက်ခွာခဲ့ပေမဲ့ ဆာလက်၊ ဖာမီနို၊ မာနေး တိုက်စစ်အတွဲက အသင်းကို ဟန်မပျက်ထိန်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆာလက်ဟာ လီဗာပူလ်းအသင်းနဲ့ ပထမရာသီမကုန်ဆုံးသေးချိန်မှာပဲ သွင်းဂိုး ၃၀ သွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆု အတွက် ၂၂ ဂိုးသွင်းယူထားပြီး ဒုတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ပထမနေရာက ဟယ်ရီကိန်းနဲ့ တစ်ဂိုးသာကွာဟနေတာလည်းဖြစ်ပါတယ်။ဆာလက်က" လီဗာပူလ်းအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ဂိုးတွေအများကြီးသွင်းယူထားနိုင်ခဲ့တာကြောင့် တကယ်ကို ဝမ်းသာပျော်ရွင်မိပါတယ်။ခြေစွမ်တွေဟာ ဒီမှာပဲ ရပ်တန့်နေမှာမဟုတ်ပါဘူး။ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ လာပါအုံးမယ်" လို့ ပြောကြားခဲ့ပါတယ်။

Source - skynet sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။