ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့ နံနက်(၈) နာရီအချိန်ခန့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦးမိမိကိုယ်ကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မိမိကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ အမျိုးသားကတော့ မိုင်းကိုး ကျေးရွာအုပ်စု ရန်ရှင်း(၄)ကျေးရွာနေ မောင်ဆေသ (၂၃) နှစ်ဖြစ်တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ ၎င်းဟာဖခင်ဖြစ်သူနဲ့ တောင်ယာကို သွားရောက် လုပ်ကိုင်နေခဲ့ပြီး တောင်ယာတဲတွင် အနားယူနေစဉ်အခုကို မိမိကိုယ့်ကိုယ်ပစ်ခတ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ အမျိုးသားဟာ နံနက်(၈) နာရီအချိန်ခန့်က ဖခင်ဖြစ်သူ ဦးကျလော နဲ့အတူ ရွာကနေ (၈)မိုင်ခန့် ဝေးတဲ့ တောင်ယာကို သွားရောက်လုပ်ကိုင်ခဲ့ပြီး နံနက် ၁၁ နာရီအချိန်ခန့်က ဖခင်ဖြစ်သူ အားတောင်ယာ တွင်ထားကာ တောင်ယာတဲရှိရာကို သွားရောက် အနားယူနေခဲ့တာပဲ ဖြစ်ပါတယ်။၎င်းတဲရှိရာသို့ သွားခဲ့ပြီး (၁၀)မိနစ်ခန့် အကြာမှာ တောင်ယာ တဲမှ တူမီးသေနတ်သံကြားသဖြင့် ဖခင်ဖြစ်သူ မှ သွားရောက်ကြည့်ရှု့ခဲ့တာပဲ ဖြစ်ပါတယ်။ဖခင်ရောက်ရှိချိန်မှာတော့ မောင်ဆေသ မှာ တူမီးသေနတ်ပြောင်းကို ပါးစပ်မှာ တပ်လျက် ထိုင်နေတဲ့ အနေအထားနဲ့ မိမိကိုယ်ကိုပစ်ခတ်ထားတဲ့ အနေ အထား ကိုတွေ့ရှိရလို့ ဖခင်ဖြစ်သူ ဦးကျလောမှ ပြောပါတယ်။  

အဆိုပါ မောင်ဆေသဆိုသူကိုတော့ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူစေခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်သူ မောင်ဆေသ (၂၃)နှစ်ကို တာချီလိတ် မြို့မရဲစခန်းမှ (ပ) ၄၈/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၇ အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - ရွှေတြိဂံဒေသသတင်းလွှာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။