တကယ်ကိုဝမ်းနဲစရာ အဖြစ်ပျက်လေးပါ ပရိတ်သတ်ကြီးတို့ရေ။ ခွေးလေးတွေဟာဆိုရင်လည်း လူတွေနေထိုင်တဲ့ပတ်ဝန်းကျင်မှာ လူတွေနဲ့အနီးစပ်ဆုံး လိုက်လျောညီထွေရှိတဲ့ ခံစားချက်ရှိတဲ့သက်ရှိလေးတွေဘဲဖြစ်ပါတယ်။ သူတို့လေးတွေဟာဆိုရင် လူတွေလို အရာရာကိုတွေးတောချင့်ချိန်နိုင်စွမ်းကင်းမဲ့တဲ့ သက်ရှိတိရိစ္ဆာန်ဖြစ်ပါတယ်။

ခွေးလေးတိုမှာ မိသားစုရှိကြပါတယ်။ သူတို့ဟာ သက်ရှိဖြစ်တာကြောင့် လူတွေလိုဘဲ ဆာလောင်တတ်ကြပါတယ်။ သူတို့လေးတွေ အသက်ရှင်နေထိုင်ဖို့အတွက် လူတွေစွန့်ပစ်ထားတဲ့ အစားအသောက်တွေကို အဓိကမှီခိုစားသောက်ကြရတာဖြစ်ပါတယ်။ ပုံထဲမှာတွေ့မြင်ကြရတဲ့ ခွေးလေးကတော့ မြသလွန်ဘုရားတစ်ဝိုက်မှာ မှီခိုနေထိုင်တဲ့ သားပေါက်လေး(၆)ကောင်ရဲ့ မိခင်ခွေးလေခွေးလွင့်လေးဘဲဖြစ်ပါတယ်။ မနက်(ရ)နာရီ ဝန်းကျင်လောက်က CP ကြက်သားကြော်သည် ဆီက ကြက်ပေါင်သွားခိုးဆွဲလို့ ဓားနဲ့အခုတ်ခံရတာလို့ သိရပါတယ်။

တကယ်ကို သနားစဖွယ် ဖြစ်ရပ်လေးတစ်ခုပါဘဲ။ ခွေးလေးအခြေအနေဟာ သွေးထွက်လွန်ပြီး စိတ်ပူရပေမယ့် ယခုအခါမှာ မေတ္တာကိုရှေ့ထားပြီး ခွေးလေးတွေကိုစောင့်ရှောက်မှုပြုလုပ်ပေးတဲ့ အသင်းအဖွဲ့လေးကြောင့် အသက်ဘေးမှလွတ်မြှောက်ခဲ့ရပါတယ်။ တိရိစ္ဆာန်တွေအပေါ်ညှဉ်းပန်းနှိပ်စက်မှုကို တားမြစ်ထားတဲ့ဥပဒေရှိပေမယ့် တွင်ကျယ်စွာအသုံးမပြုသေးလို့ သက်ရှိခွေးလေးတွေဘဝဟာလည်း တကယ်ကိုသနားစရာလေးပါနော် ပရိတ်သတ်ကြီးတို့ရေ။

photo source - White Heart Animal Rescue and Shelter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။