ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဖလုံကျေးရွာအုပ်စု၊ ပီလောပီနံစိုက်ခင်းအတွင်းတွင် တောဆင်ရိုင်းအနင်းခံရသောကြောင့် စိုက်ခင်းမန်နေဂျာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ ရွှေမြိုင်သာယာကျေးရွာရဲ့ တောင်ဘက် ၂ မိုင်ခန့့်အကွာ ရှိဦးသက်ရွှေရဲ့ ကလောပီနံစိုက်ခင်းအတွင်းတွင် တောဆင်ရိုင်း အနင်းခံရမှုကြောင့် ကတက်ကုန်းကျေးရွာ ရေတွင်းကုန်း ကျေးရွာအုပ်စု တိုက်ကြီးမြို့နယ်နေသူ စိုက်ခင်းမန်နေဂျာ ဦးမြဝင်း (၅၂)နှစ်သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။အခင်းဖြစ်ပွားတဲ့နေ့ညပိုင်းအချိန် စိုက်ခင်းအတွင်း ထွန်စက်မောင်း ခင်ဇော်ထွန်း၊စိုက်ခင်းလုပ်သား ကိုအောင်ကိုဝင်းတို့နှင့့်အတူ ရှိနေစဉ် တောဆင်ရိုင်း ၂ ကောင်ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ 

အဆိုပါတောဆင်ရိုင်းများစိုက်ခင်းအတွင်းဝင်ရောက်လာတာကြောင့် စိုက်ခင်းရှိလူများထွက်ပြေးခဲ့ကြပေမယ့် ဦးမြဝင်းမှာတော့ အသက်အရွယ်ကြီးသဖြင့် ထွက်ပြေးနိုင်ခြင်းမရှိပဲ တောဆင်ရိုင်း ၂ ကောင်မှ ဦးမြဝင်းအား နှာမောင်းဖြင့့်ရိုက် ခြေထောက်ဖြင့်နင်းခံခဲ့ရပြီး သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။၎င်းဆင်ရိုင်း၂ ကောင်ဟာ နံနက်မိုးလင်းရောင်ကောင်းစွာမြင်ရချိန်မှ ပြန်လည်ထွက်ထွာသွားခဲ့တယ်လို့ သိရပါတယ်။ 

တောဆင်ရိုင်းများ ထွက်သွားချိန် ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၉:၃၀ နာရီအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်စခန်းမှူး ရဲအုပ်မျိုးမြင့်၊ဖလုံရဲကင်းမှူး ရဲတပ်ကြပ်ကြီး ခင်မောင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးအေးသွင်တို့အဖွဲ့ သွားရောက်စစ်ဆေးရာ သေဆုံးသူဦးမြဝင်းတွင် ရင်ဘတ်ဝဲဘက်အခြမ်း ဖူးယောင်ဒဏ်ရာ၊ ဝဲပေါင်ပွန်းပဲ့ဒဏ်ရာ၊ ဝဲနထင်သွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ညိုမည်း၊ ညာလက်မောင်းကျိုး၊မေရိုးကျိုး ဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရတာပဲဖြစ်ပါတယ်။ အလောင်းအား တိုက်ကြီးဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မ ဟုတ်၊ရုတ်တရတ်သေဆုံးခြင်းအပေါ် သေမှူသေခင်းအမှတ်စဉ် ၅/၂၀၁၈ အမှူဖွင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - ထွန်းလှိုင်(မြန်မာ့အလင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။