လက်တလောလူမှုကွန်ယက်မှာတော့ မင်းသမီးချော ဝတ်မှုန်ရွှေရည် ရဲ့ဗီဒီယိုဖိုင်လေးတစ်ခုဟာ တစ်စထက် တစ်စ ကြည့်ရှု့သူနှုန်း အရမ်းကိုမြင့်တက်နေပြီး ပရိသတ်တွေကြားရေပန်းစားလို့နေပါတယ်။သူမချစ်ပရိသတ် တစ်ယောက်ရဲ့ လူမှုကွန်ယက်အကောင့်ကနေ မျှဝေလိုက်တဲ့ အဲ့ဒီဗီဒီယိုလေးကတော့ နာရီပိုင်းအတွင်း မှာတင် ကြည့်ရှု့သူသောင်းချီနေပြီး Share လုပ်တဲ့သူတွေလည်းရာနဲ့ချီရှိနေတာပဲ ဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုလေးကတော့ သူမရဲ့ အနုပညာခြေလှမ်းအသစ်လေးမှ စကားပြောခန်းလေးတစ်ခုဖြစ်ပြီး အရမ်းလန်းတဲ့တော်ကီတွေကြောင့် ပရိသတ်တွေချစ်မဝဖြစ်နေကြရတာပဲဖြစ်ပါတယ်။ 

သူမကိုတော့ ပရိသတ်တွေမြင်တွေ့နေကြပုံစံမဟုတ်ပဲ ထူးထူးခြားခြား ယောင်္ကျားလေးတစ်ယောက်လိုပြင်ဆင် သရုပ်ဆောင် ထားတာပဲဖြစ်ပါတယ်။ဆံပင်ပုံစံကအစ ယောင်္ကျားလေးတစ်ယောက်ရဲ့ဆင်ပုံစံလေးအတိုင်း အတိုညှပ်ပြစ်လိုက်ပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ်မြင်တွေ့ရတာပဲ ဖြစ်ပါတယ် ။ရုတ်တရက် ကြည့်လိုက်ရင်တော့ ဝတ်မှုန်ရွှေရည် ဆိုတာမှတ်မိမှာတောင်မဟုတ်ပဲ နှုတ်ခမ်းနီမလေး တွေကြွေ သွားလောက်စေမယ့် Cute Boy လေးတစ်ယောက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အခုလိုထူးထူးခြားခြားပုံစံလေးနဲ့ သူမရဲ့အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့ “ရန်သူ”ဆိုတဲ့ရုပ်ရှင် ဇာတ်ကားကြီးကိုရိုက်ကူးပုံဖော်နေတာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာတော့ မင်းသားချောနေမင်းနဲ့ Beauty Blogger နေခြည်ဦးတို့အတူ ရိုက်ကူးပုံဖော်နေတာပဲ ဖြစ်ပါတယ်။ဒီရန်သူရုပ်ရှင်ကားကြီးရိုက်ကွင်းနေစဉ် လူမှု ကွန်ယက်မှာတက်လာတဲ့ သူမရဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေ ကြည့်ရှု့နိုင် ဖို့မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - Myat Thet Paing’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။