(၂၀၁၈) ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက လက်ထပ်ခဲ့ကြတဲ့ မောင်ထက်ဦးလှိုင် နဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ ပြည်ပကို ပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဦးလုံးဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြကြီး သြစတြေးလျနိုင်ငံ Melbone မှာ အတူပညာသင်နေကြရင်း မြန်မာပြည်သို့ပြန်လာပြီး လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲဟာ လူမှုစာမျက်နှာတွေထက်မှာ အတော်လေးရေပန်းစားခဲ့ပြီး ကောလဟာလတွေနဲ့ ဝေဖန်သံတွေလည်း အတော်လေးဆူညံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ မပြီးဆုံးသေးတဲ့ ပညာရေးအတွက်လဇနီးမောင်နှံနှစ်ဦးအတူ သြစတြေးလျကို ပြန်သွားခဲ့ပြီး မိသားစုတွေက လေဆိပ်ကို လိုက်ပို့ပေးခဲ့ကြပါတယ်။ ခေး လေးဟာ အိမ်ထောင်ပြုသွားပေမဲ့လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့ထက်ထိရရှိထားပြီး သူမရဲ့ လှုပ်ရှားမှုတွေဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာ ကောင်းနေဆဲပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူမရဲ့ ခင်ပွန်းနဲ့ သူမနာမည်ထွင်းထားတဲ့ လက်စွပ်လေးကိုတော့ သူမရဲ့ instagram မှာ တင်ထားခဲ့ပါတယ်။

ယွန်းဝတီလွင်မိုးဟာ ယခင်တည်းက instagram ကို အဓိကသုံးစွဲပြီး လက်ရှိမှာလည်း ထို့အတူပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူမနဲ့ သူမရဲ့ခင်ပွန်းအတူဓာတ်ပုံလေးကို "1am in the cold city night" ဆိုပြီး သူမရဲ့ IG မှာ update တင်ထားတာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ချစ်ဖို့ကောင်းတဲ့ ထက်နဲ့ ခေးတို့ရဲ့ စုံတွဲဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်.....

Photo: Yun Wadi Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။