Smart ကျကျသာ နေထိုင်နိုင်မယ် ဆိုရင်တော့ ယောကျင်္ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒီလို နေထိုင်ခြင်းက လူမှုပတ်ဝန်းကျင်ရော ကိုယ့်အတွက်ပါ အကျိုးကျေးဇူးများ ရှိပါတယ်။ ဒီလို သန့်ရှင်းသပ်ရပ်စွာ နေထိုင်းခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ -

- ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်လာမယ်။

- ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိလာမယ်။

- ကိုယ်နဲ့ ပတ်သက်ရတဲ့ ပတ်ဝန်းကျင်ဆီက ချီးကျူးစကား ကြားရမယ်

- ကျန်းမာရေး ကောင်းမယ် …. စသည်ဖြင့်ပေါ့။  

ဒါဆို လွယ်လွယ်ကူူကူနဲ့ smart ဖြစ်အောင် ဘယ်လို နေထိုင်ရမလဲ ?

(၁) အဝတ်အစားကို ဂရုစိုက်ပါ။

“လူမှာ အဝတ်၊ တောင်းမှာ အကွပ်” ဆိုသလို လူတစ်ယောက်ရဲ့ အဝတ်အစားက ကိုယ့်ရဲ့ အနေအထားကို ဖော်ပြလိုက်တာပါပဲ။ ဒါ့ကြောင့် သင့်တော်ရာကို ၀တ်ပါ။ ကိုယ်နဲ့ လိုက်ဖက်တာကို ၀တ်ပါ။ ကိုယ် စိတ်ရှိတဲ့အတိုင်း၊ ကိုယ်ဝတ်ချင်တဲ့ အတိုင်း ၀တ်တာထက် သူ့နေရာနဲ့ သူ လိုက်ဖက်တာကို ၀တ်စား ဆင်ယဉ်ပါ။ အထူးသဖြင့် လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အဝတ်အစားနဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ သွားရင် သတိထားပါ။

(၂) အလွန်အကျွံ မပြင်ဆင်ပါနဲ့။

ဒါကတော့ မိန်းကလေးတွေနဲ့ ပိုပြီး ပတ်သက်ပါတယ်။ အထူးသဖြင့့် မိတ်ကပ်လိမ်းခြယ်တဲ့ အခါ အလွန်အကျွံ ပြင်ဆင်ခြင်းက မြင်ရ တွေ့ရတဲ့ ပတ်ဝန်းကျင်အနေနဲ့ သင့်ကို တစ်မျိုးတစ်ဖုံ ကောက်ချက်ချနိုင်ပါတယ်။ Smart ကျကျ လှပချင်တယ်ဆိုရင်တော့ မိတ်ကပ်ကိုလည်း အဝတ်အစားလိုပဲ သင့်တော်သလို လိမ်းခြယ်ပါ။ ယောကျ်ားလေးဖြစ်ဖြစ် မိတ်ကပ်လေးဖြစ်ဖြစ် Accessories တွေကိုလည်း အလွန်အကျွံ မသုံးမိဖို့/မဝတ်စားမိဖို့ ထပ်ပြီး သတိပေးပါရစေနော်။ 

(၃) ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အသားအရေကို ဂရုစိုက်ပါ။

ဒါကတော့ လူတိုင်း မြင်နေရတဲ့ အရာတွေမို့ လှပ သပ်ရပ်နေဖို့ လိုအပ်ပါတယ်။ ဆံပင် ဖားလျားချထားခြင်းထက် သပ်သပ်ရပ်ရပ် စည်းထားခြင်းက ပိုပြီး သင့်တော်ပါတယ်။ လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန် ညှပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှမဟုတ် ပြူးပြူးပြဲပြဲ အရောင်မဟုတ်ဘဲ သင့်တော်တဲ့ အရောင်ကို အသုံးပြုပြီး လက်သည်း၊ ခြေသည်းဆိုးပါ။ အရောင်တွေ တဝက်တပျက် ပျက်နေတာမျိုး မဖြစ်ရလေအောင် ဂရုစိုက်ပါ။ အသားအရေ လှပခြင်းကလည်း သင့်အတွက် ဂုဏ်ယူစရာ တစ်ခုပါ။ အသားညိုတာ၊ ဖြူတာနဲ့ မဆိုင်ဘဲ အသားခြောက်သွေ့၊ ကွဲအက်နေတာမျိုး၊ အသားအရေ ပျက်ဆီးနေတာမျိုး မဖြစ်ရအောင် ဂရုစိုက်ပါ။ 

(၄) ခံတွင်းနံကို ဂရုစိုက်ပါ။

ခံတွင်းနံ့ကို သတိထားပါ။ အပြင်သွားလျှင်ဖြစ်စေ လုပ်ငန်းခွင်မှာဖြစ်စေ အစားအသောက် ဆင်ခြင်ပါ။ ခံတွင်းနံ့ဆိုးစေမဲ့ အစားအသောက်များကို ရှောင်ပါ။ ခံတွင်းနံ့ ဆေးရည်ကို အသုံးပြုပါ။ ၀မ်းချုပ် မခံပါနဲ့။

(၅) အလှကုန် ပစ္စည်းတွေကို အသုံးပြုပါ။

ဥပမာ - ရေမွှေး အသုံးပြုခြင်းဖြင့် ကိုယ်သင်းနံ့ကို ထိန်းထားနိုင်သလို Mask အသုံးပြုခြင်းဖြင့် မျက်နှာ အသားအရေ၊ အရေးအကြောင်း စသည်ဖြင့် ကိုယ်နဲ့ သင့်တော် ကိုက်ညီမယ့် အလှကုန် ပစ္စည်းများကို အသုံးပြုပါ။

(၆) သန့်ရှင်းသပ်ရပ်မှု ရှိပါ။

အဝတ်အစားဆိုလည်း လျှော်ပြီး မီးပူတိုက်ထားတဲ့ အဝတ်ကို ၀တ်ဆင်ခြင်းက ကြည့်ကောင်းနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အလှကုန် ပစ္စည်းတွေကိုလည်း expired date တွေ ဂရုစိုက်ပါ။ ဆံပင်မှ အန့ံ မရစေရန် ခေါင်းကို ပုံမှန်လျှော်ပေးပါ။

အလှအပနဲ့ ပတ်သက်သမျှကိုသာ ကြည့်ကောင်းပြီး သပ်ရှင်းသပ်ရပ်နေမယ်ဆိုရင် ကျန်းမာရေးကိုလည်း တကူးတက ဂရုစိုက်စရာ မလိုတော့ပါဘူး။ ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီးနောက် အားလုံးပဲ လှသထက် လှနိုင်ကြပါစေရှင်။

Tina @ Own Creation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။