မိန်းမသားတို့ဘဝမှာ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားနိုင်ခြင်းဟာ ကံကောင်းခြင်းတစ်ပါးလို့ ဆိုရမှာမဟုတ်ပါလား ပရိတ်သတ်ကြီးတို့ရေ။ မင်းသမီးချောလေး သင်ဇာနွယ်ဝင်းလေးဟာတိုရင်လည်း အများတကာအားကျတဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားတာ အရမ်းကိုကံကောင်းလှပါတယ်။

အိမ်ထောင်ရှင်မဘဝရောက်ရှိပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်ကိုစွန့်ခွာကာ အေးချမ်းတည်ငြိမ်တဲ့ ဘဝလေးကိုစတင်ခဲ့ပါတယ်။ ဒီနေ့မှာဆိုရင်တော့ သူမတို့ဇနီးမောင်နှံရဲ့ဘဝထဲ ဆည်းလည်းသံလေး တိုးဝင်လာတာ ရက်ပေါင်း(၁၀၀)ကျော်ခဲ့ပြီဖြစ်ပါတယ်။ သဉ္ဇာဟာ ခင်ပွန်းသည်ရဲ့ချစ်ခင်အလိုလိုက်မှုတွေဟာဆိုရင်ဖြင့် ပရိတ်သတ်တွေ တွေ့မြင်နေရတဲ့အတိုင်း အရမ်းကိုအားကျစရာကောင်းလှပါတယ်။

အနုပညာလောကထဲကထွက်ခွာသွားပေမယ့် ငူမကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ သူမရဲ့အကြောင်းအရာ နေထိုင်မှုပုံစံလေးတွေကို အမြဲတစ်စေ စိတ်ဝင်တစားရှိကြပါတယ်။ ဒီနေ့မှာလည်း မိတ်ဆွေအသိုင်းဝိုင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးတွေ့ဆုံနေကြတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးတို့ဆီ ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo- Thinzar Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။