မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ ဘတ်တစ်အသင်းကို ၅ ဂိုး ၃ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်သွင်းယူခဲ့ပြီး ဖျော်ဖြေမှုအကောင်းဆုံးပေးနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီဝက်မရောက်ခင် အိမ်ကွင်းမှာ လက်ခံကစားခဲ့တုန်းက ဘတ်တစ်အသင်းကို ရှုံးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပြီး ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဘတ်တစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရွန်၊ ဂျိုအာကွင်း၊ ဘိုဒီဘော့၊ ဖာဘီယန်၊ ဂွာဒါဒို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဂါရတ်ဘေလ်း၊ အဆန်စီရို၊ ကိုဗာဆစ်၊ ကတ်စမဲရိုး၊ ဗက်စ်ကွက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်ဘတ်တစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ရှိန်မနေပဲ တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးတွေကိုတော့ ၁၁ မိနစ် နဲ့ ၅၉ မိနစ်တို့ အဆန်စီရို က ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။မိနစ် ၅၀ မှာ ရာမို့စ်က တစ်ဂိုးသွင်းယူပေးခဲ့ပြီး ၆၅ မိနစ်မှာ စီရော်နယ်ဒိုက တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။၉၀ + ၂ မိနစ်မှာတော့ ဘန်ဇီမာက အနိုင်သေချာစေမဲ့ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘတ်တစ်အသင်းသွင်းယူခဲ့တဲ့ သုံးဂိုးကိုတော့ ၃၃ မိနစ် မှာ မန်ဒီ က တစ်ဂိုး၊ ၃၇ မိနစ်မှာ နာချိုက ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာကြောင့် ဘတ်တစ်အသင်း နောက်ထပ်တစ်ဂိုးရရှိခဲ့ပါတယ်။သုံးဂိုးမြောက် ဂိုးကိုတော့ ၈၅ မိနစ်မှာ ဆာဂျီရိုလီယွန် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။