၂၀၁၈ ရဲ့ပိတ်ကားထက်မှာ မင်းသားချောလေးအလင်းရောင်ရဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို မြင်တွေ့ရတော့မှာပါ။ ဒါရိုက်တာဝိုင်းနဲ့ အတွဲညီလွန်းတဲ့ သူက ယခုလည်း “ ရွှေကြာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ ပရိသတ်ရှေ့ကိုရောက်ရှိလာတော့မှာမို့ စောင့် ကြည့်ဖို့လည်း မမေ့ပါနဲ့နော် ။

ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့သူကို ရှိုးပွဲတွေရဲ့စင်မြင့်ထက်မှာလည်း ရံဖန်ရံခါ မြင်တွေ့ရတက်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း တမူထူးခြားတဲ့ အရည်အချင်းတွေရှိ နေတာ ကြောင့် ဒါရိုက်တာဖန်တီးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သူကို မြင်တွေ့နေကျပါ။

စာရေးဆရာမ ပုညခင်ရေးသားထားပြီး သတိုးတိုက်အနေနဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေကြာ ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ပရိသတ်ကြီးအတွက် သာမန်မြင်ဖူးနေကျ ပုံစံများနဲ့ ကွဲထက်နေတဲ့ ဇာတ်လမ်းလေးတစ်ခု ဖြစ်မှာ အသေအချာပါ။ အချစ်ရေးမှာ တစ်ယောက်တည်းပါဆိုတဲ့ သူက ပြီးခဲ့တဲ့ ဗယ်လင်တိုင်းဒေးကတော့ Single ဆိုပေမယ့် လည်း လက်ဆောင်ရတယ်လို့ ရေးသားထားပါသေးတယ်

“ မနေ့ကဖြစ်သည်” ဆိုတဲ့ဇာတ်လမ်းတွဲလေးက ပရိသတ်နဲ့သူနဲ့ ရင်းနှီးစွာထိတွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်မယ်ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးပြီးဆုံးသွားတဲ့အချိန်မှာတော့ အလင်းရောင် ဆိုတဲ့ မင်းသားချောလေး က မြန်မာနိုင်ငံကပရိသတ်တွေကြားမှာ အောင်မြင်မှုတစ်ခုနဲ့ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Source – Alinnyaung Light FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။