မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလား Round 5 ရှုံးထွက်ပြိုင်ပွဲမှာ ရိုချ်ဒါလီ အသင်းနဲ့ စပါးအသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။သရေပွဲရလဒ်ကြောင့် စပါးအသင်းရဲ့ အိမ်ကွင်းမှာ နောက်တစ်ကျော့ ထပ်မံယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ အဓိက ကစားသမားအချို့ကို အနားပေးထားခဲ့ပြီး ဒုတိယပိုင်းမှသာ လူစားလဲ ကစားစေခဲ့တာလည်းဖြစ်ပါတယ်။ 

ရိုချ်ဒါလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟမ်ဖာရက်၊ ဟန်ဒါဆန်၊ ရာဖာတီ၊ ကမ်နွန်၊ မက်ဒန်း၊ ကစ်ချင်း၊ ကန့် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ လူးကပ်မော်ရာ၊ လော်ရန်တေး၊ ဆွန်ယောင်မင်း၊ ဟယ်ရီဝင့်ခ်၊ ဝမ်ယာမား၊ ဆစ်ဆိုခို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ လူးကမ်မော်ရာကို ပွဲထွက်ကစားသမားအဖြစ် ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။လူးကပ်မော်ရာဟာလည်း စပါးအသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကိုတော့ ရိုချ်ဒါလီ အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၄၅ မိနစ်မှာ ဟန်ဒါဆန် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၈၈ မိနစ်မှာ စပါးအသင်းဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဟယ်ရီကိန်းက ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းဟာ အရှုံးမပေးခဲ့ပဲ မိနစ် ၉၀ မှာ ဒေးဗစ်ရဲ့ သွင်းဂိုးနဲ့ သရေပြန်လည်ရယူခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။