ပရိတ်သတ်ကြီးတို့ရယ် သိုက်သိုက်ဝန်းဝန်းနဲ့ တကယ်ကိုပျော်စရာကောင်းတဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ကတော့ နိုင်းနိုင်းဘဲဖြစ်ပါတယ်။ သရုပ်ဆောင်နိုင်းနိုင်းဟာ အနုပညာလောကထဲကို ၁၉၉၇ခုနှစ်လောက်ကနေ ဝင်ရောက်လာခဲ့တဲ့ ဝါရင့်မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ နိုင်းနိုင်းတို့ ဇနီးမောင်နံနှစ်ဦးရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ သား/သမီး(၄)ယောက် ထွန်းကားခဲ့ပြီဖြစ်ပါတယ်။

နိုင်းနိုင်းရဲ့ ဇနီးဖြစ်သူ စန္ဒီချိုကတော့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားခံယူနေထိုင်သူဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ သား/သမီးလေးတွေဟာဆိုရင်လည်း အမေရိကားမှာ အခြေချနေထိုင်ကြပါတယ်။ မိသားစုဝင် (၆)ယောက်ရှိတဲ့ သူတို့မိသားစုလေးဟာ တကယ်ကိုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှပါတယ်။ 

အမြဲလိုလိုHome ပါတီလေးတွေကျင်းပပြီး ခရီးတွေသွားလေ့ရှိတဲ့ သူတို့မိသားစုလေးဟာ တကယ်ကိုအားကျစရာပါ။ ဒီနေ့မှာဆိုရင်လည်း သာယာလှတဲ့နေ့လေးမှာ မိသားစုတွေစုံစုံလင်လင်နဲ့ အပြင်သွားနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိတ်သတ်တွေဆီ မျှဝေပေးလိုက်ပါတယ်နော်။ 

Photo - Sandi Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။