မနက်ကယှဥိပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ဆမ်ဒိုးရီးယားအသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နည်းပြ ဂတ်တူဆိုရဲ့ အေစီမီလန်အသင်းဟာ နောက်ဆုံး ၁၀ မှာ ရှုံးပွဲမရှိခဲ့ပဲ ၃ ပွဲသရေ ၇ ပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် အေစီမီလီအသင်းဟာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆူဆို၊ ကူထရိုနီ၊ ကေဟမ်နိုဂလူး၊ မွန်တိုလီဗို၊ ဘိုနာဗန်ကျူရာ၊ ဘီဂလီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆမ်ဒိုးရီးယားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဇာပါတာ၊ ကွာဂလီရယ်လာ၊ ရာမီးရက်၊ ဘာရက်တို၊ တော်ရီယာ၊ လိုင်နက်တီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နည်းပြ ဂတ်တူဆိုကတော့ ကေဟမ်နိုဂလူး၊ ကူထရိုနီ၊ ဆူဆို သုံးယောက်တွဲတိုက်စစ်ကို ယုံယုံကြည်ကြည်နေရာပေးခဲ့ပြီး ဆက်တိုက်အသုံးပြုနေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲစလို့ ၇ မိနစ်မှာ အေစီမီလန်အသင်းပယ်နယ်တီ ရရှိခဲ့ပေမဲ့ ရီကာဒို ရိုဒရီဂွက်က ဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။၁၃ မိနစ်မှာတော့ အေစီမီလန်အသင်း တစ်လုံးတည်းသော အနိုင်ဂိုးရရှိခဲ့ပြီး ဒီးဂိုးကိုတော့ ဘိုနာဗန်ကျူရာ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ အေစီမီလန်အသင်းက ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။