Connie Whitton အမည်ရတဲ့အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ selfie ရိုက်ရတာ အလွန်သဘောကျတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမက ပေါင် (၅၀)လောက်ဝိတ်ကျသွားရာကနေ ရုတ်တရက်အကြာင်းပြချက်မရှိဘဲ ဝိတ်ပြန်တက်လာတာကြောင့် အံ့အားသင့်နေခဲ့ပြီး လူမှုကွန်ယက်ပေါ်ကို ဓာတ်ပုံတွေတင်နေခဲ့တာပါ။ သူမဟာ ခါးကိုက်တဲ့ဝေဒနာကို အဆက်မပြတ်ခံစားလာရတာကြောင့် ဆေးရုံကို ဆေးစစ်ဖို့သွားခဲ့ပါတယ်။ ဒီအခါမှကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတဲ့အကြောင်းကို The Sun သတင်းစာမျက်နှာကနေ တွေ့ရှိထားတာဖြစ်ပါတယ်။ လေးနာရီကြာတဲ့အခါမှာတော့ (၇)ပေါင်၊ (၆)အောင်စရှိတဲ့ သားယောင်္ကျားလေး Seth ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။သူမက Mirror သတင်းဌာနကို အခုလိုပဲပြောပြခဲ့ပါတယ်။  

“ကျွန်မကိုယ်ဝန်ရှိတဲ့အကြောင်းသိရတာက ည(၉)နာရီမှာပါ။ မနက် (၁း၀၅)မိနစ်ရောက်တော့ သားလေး Seth က ရင်ခွင်ထဲရောက်နေခဲ့ပြီ.. ဒီ (၄)နာရီအချိန်ဟာ ကျွန်မအတွက်တော့ ကိုယ်ဝန်ဆောင်တဲ့(၉)လပါပဲ… ကိုယ်ဝန်ရှိနေမှန်း ကျွန်မမသိခဲ့ပါဘူး…ရှိနေကြောင်းလက္ခဏာတွေလည်း မပြဘူး…ဗိုက်လဲမထွက်သလို မနက်ပိုင်းအော့အန်တာတွေဘာတွေလည်း မရှိဘူးလေ…..” လို့သူမကပြောပါတယ်။

ကလေးမွေးခါနီးမှာ ကလေးရဲ့ လူးလွန့်လှုပ်ရှားတာတွေကိုလည်း သူမက မခံစားမိဘူးလို့ ပြောပြခဲ့ပါတယ်။

Connie ရဲ့အမေဖြစ်သူက သမီးကို အတင်းဆေးရုံကိုဆေးစစ်ဖို့ သွားပြခိုင်းခဲ့ပါတယ်။  

ဆရာဝန်က သူမရဲ့ဆီးအိမ်ကို ပိုးဝင်မှု ရှိ၊ မရှိစစ်ဆေးပြီးတဲ့အခါမှာတော့ Connie ဟာ ကလေးရဲ့ နှလုံးခုန်သံကိုကြားလိုက်ရပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။ သူမက ကိုယ်ဝန် အခုမှစတည်တဲ့အချိန်လို့ထင်နေပေမယ့် ဆရာဝန်က ကိုယ်ဝန်ရင့်နေပြီး မွေးဖို့နီးနေပြီဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ပူပူနွေးနွေးမိခင်ဖြစ်လာတဲ့ Connie နဲ့ သူမရဲ့ချစ်သူ Liam (အသက် ၁၉နှစ်)တို့ကတော့ မိသားစုလေးတစ်ခုစတင်ဖို့ အရင်ကတည်းက မျှော်လင့်နေခဲ့ကြပြီး သားကလေးမွေးလာတဲ့အခါ အမည်ကိုတောင် Seth လို့ နာမည်မှည့်ဖို့ကို ကြိုပြီးရွေးထားကြတာပါ။ 

Source : Tobismart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။