မြန်မာ့ရိုးရာဓလေ့ အတိုင်းကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေဗ်လပ်ဒပ်ရဲ့ မင်္ဂလာပွဲ

Air KBZ အောင်လံလုပွဲမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူခဲ့တဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နဲ့ သူ့ရဲ့ချစ်သူ ကနေဒါနိုင်ငံသူ တို့ရဲ့ လက်ထပ်မင်္ဂလာပွဲကို ဒီနေ့မနက်ပိုင်းက မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအတိုင်း ရန်ကုန်မြို့ Central Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားက ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ Air KBZ ရွှေအောင်လံလုပွဲမှာ ထွန်းထွန်းမင်းကို အနိုင်ရခဲ့တဲ့ပွဲက ဒေဗ်လပ်ဒပ်အတွက် မင်္ဂလာလက်ဖွဲ့ဖြစ်လာတယ်လို့ လည်းပြောရမှာဖြစ်ပြီး ဒီအခိုက်အတန့်က သူ့အတွက် တစ်ဘဝလုံးမေ့မရတဲ့ အချိန်ဖြစ်လာမယ်လို့လည်း ဒေဗ့်က ဆိုပါတယ်။

"ချစ်သူသက်တမ်း ၈ လ ရှိပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရင်ထဲမှာ ရှစ်နှစ်မက ချစ်ရပါတယ်။ အချိန်ကာလဆိုတာ ကျွန်တော်တို့ အချစ်နဲ့ နှိုင်းစာရင်ဘာမှမဟုတ်ပါဘူး။ မြန်မာလိုမင်္ဂလာဆောင်ရတာ ဂုဏ်ယူပါတယ် တနင်္ဂနွေနေ့တုန်းက မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဖြစ်ခဲ့တယ်။ ဒီနေ့ကျွန်တော့်ချစ်သူနဲ့မြန်မာလိုမင်္ဂလာဆောင်ရတယ် ဒါဟာလည်း ကျွန်တော့်ဘဝမှာချန်ပီယံ ဖြစ်ရသလိုပါပဲ"လို့ ဒေ့ဗ်လက်ဒပ်က မင်္ဂလာပွဲမတိုင်ခင်မှာ ပြောခဲ့ပါတယ်။

Credit- Zin Lin Htunn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။