မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ အဝေးကွင်းမှာ တိုရီနိုအသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ဇယားထိပ်ဆုံးက နာပိုလီအသင်းနဲ့ ၁ မှတ်သာကွာဟနေခဲ့တာကြောင့် အမှားမခံခဲ့ပဲ နိုင်ပွဲရယူခဲ့တာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၂ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ရမှတ် ၆၆ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

တိုရီနိုအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အန်ဆန်ဒီ၊ ဘီလော့တီ၊ ဖယ်ကွီ၊ အိုဘီ၊ ရင်ကွန်၊ ဘာဆန်လီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆန်ဒရို၊ ဟီဂူအင်၊ ဒေါက်ဂလက်ကော်စတာ၊ ခီဒီယာ၊ ပီဂျာနစ်၊ စတူရာရို၊ အဆာမို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိမ်ကွင်းမာကျောတဲ့ တိုရီနိုအသင်းဟာ ဂျူဗင်တပ်အသင်းကို ယှဉ်ကစားနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်ခံစစ်ကို မကျော်နိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၃၃ မိနစ်မှာ ဆန်ဒရို ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှုး ဟီဂူအင် ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရတာဟာ ဂျူဗင်တပ်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဒီဘာလာ ဒုတိယပိုင်းမှာ ဝင်ကစားနိုင်ခဲ့တာကြောင့် အဆိုးထဲက အကောင်းရရှိခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီကို ၁ မှတ် အကွာနဲ့ ဆက်လက်ဖိအားပေးနေသေးတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။