Longan လို့ကမ္ဘာကသိကြတဲ့ တောကြက်မောက်သီးကို စားဖူးကြမှာပါနော်။ တစ်ချို့ဒေသတွေမှာတော့ အခေါ်တွေမတူညီကြပါဘူး။ တစ်ချို့ကတော့ လုံငန်းသီး၊ နဂါးမျက်စေ့သီး စတဲ့ အမည်အမျိုးမျိုးရှိပါတယ်။ တစ်ချို့ကတော့ ကြိုက်ကြသလို မကြိုက်ကြတဲ့သူတွေလည်းအများကြီးပါ။ အနံကိုမကြိုက်တဲ့သူတွေ များပါ တယ်။ ဒီအသီးရဲ့ကျန်းမာရေးကောင်းကျိုးအကြောင်းကိုတင်ပြပေးသွားမှာပါ။ အဓိက နှလုံးကိုကျန်းမာစေဖို့ အထောက်ကူပြုပါတယ်။ တရုတ်ရှေးဆေးပညာအရ တောကြက်မောက်သီးဟာ နှလုံးကိုကျန်းမာစေတယ် ဆိုပြီးဖော်ပြထားပါတယ်။

ပြီးတော့ ဦးနှောက်ကျန်းမာရေးကိုလည်း အထောက်ကူပြုသလို မျက်လုံး ကိုလည်းကျန်းမားစေပါတယ်။ အဓိက ကြေးနီဓာတ်ပါဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ပြီးတော့ အရိုးပျော့ရောဂါ ၊အရိုးပွရောဂါ၊ တို့ကိုကာ ကွယ်ပေးတဲ့ ကြေးနီ်ဓာတ်ပါဝင်တဲ့ တောကြက်မောက်သီးကို စားပေးသင့်ပါတယ်နော်။ အလှအပရေးရာ အတွက်လညး်အသုံးဝင်တဲ့အသီးပါ။ အဓိကအိုမင်းရင့်ရော်မှုကို တားဆီးကာကွယ်ပေးပါတယ်။နုပျိုစေပါ တယ်။ အမြင်အာရုံအတွက် အားထားရတဲ့ အသီးတစ်လုံးဖြစ်ပါတယ်။ သွားနှင့် သွားဖုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင် စီ မြင့််မားစွားပါဝင်တဲ့ တောကြက်မောက်သီးဖြစ်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့အတွက် အအေးမိဖျားနာခြင်းကို ကာကွယ်ပါတယ်။သွေးအားနည်းရောဂါ ကိုကာကွယ် ပေးတဲ့ သံဓာတ်မြင့်မားစွာပါဝင်တဲ့အတွက် စားကိုစားပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ဒါ့အပြင် အစာ အိမ်နာခြင်း၊ အိပ်မပျော်ခြင်း၊ သတိမေ့ရောဂါ တွေကိုလည်း ပျေက်ကင်းစေပါတယ်။ သတိထားရမှာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ တောကြက်မောက်သီးကို အများအပြားမစားသင့်ပါဘူးနော်။ အပူဓာတ်မြင့်မားစွာ ပါဝင်နေတဲ့အတွက် သန္ဓောသားကို အနှောက်အယှက်ဖြစ်စေပါတယ်။

Source : my food myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။