လူသားတိုင်း တွေ့ကြုံခံစားရမှာပါနော်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကြောင်း၊ တွားသွားသတ္တာဝါလေးများမှာ ကပ်နေတဲ့ ပိုးမွားလေးတွေက လူတွေအရေပြားနှင့်ထိတွေ့မိရင် ဓာတ်မတည့်တဲ့ ပြသာနာတွေဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာ တွေကတော့ မျက်လုံးယားယံခြင်း၊ ပန်းနာရက်ကျပ် ၊ နှာစေးခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ခုသတိထားရမှာကတော့ လေ့ကျင့်ခန်းလုပ်စဉ် ဓာတ်မတည့်ခြင်း ထွက်လာတဲ့ ချွေးတွေကြောင့် လည်းဖြစ်တတ်ပါတယ်။ သို့တည်းမဟုတ် လေ့ကျင့်ခန်းမလုပ်မှင်္ီ ကိုယ်စားလိုက်တဲ့ အစားစားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့လူတွေကျတော့ ပင်လယ်စာ၊ တရုတ်နံနံ ၊ တို့ကြောင့်လည်း ဓာတ်မတည့်ခြင်းခံစားရတတ်ပါတယ်။ အစားစာကိုလည်း ဂရုပြုစားသောက်ပေးဖို့လိုပါတယ်။ပန်ကိတ်ရောဂါ ဆိုင်ရာပြသာနာများသည်လည်း ပန်ကိတ် စားလို့ဖြစ်ပေါ်ခြင်းမဟုတ်ပါဘူး။ ပန်ကိတ်လုပ်ရာတွင်ပါဝင်တဲ့ အရာတွေ မသန့်ရင်လည်း ဖြစ်နိုင်ပါတယ်။ အရင် ကနေ ဓတ်မတည့်ခြင်းဖြစ်ပေါ်တတ်တဲ့ သူတွေအနေနဲ့ ကွန်ဒုံးကိုလည်း သတိထားဖို့လိုအပ်ပါတယ်။ကွန်ဒုံး ပြု လုပ်တဲ့ ရာဘာ(Latex) ကဓာတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့အတွက် သတိထားပါ။

ခန္ဓာကိုယ်ကထွက်တဲ့ ချွေးကြောင့်လည်း ဓာတ်မတည့်ခြင်းဖြစ်ပေါ်စေပါတယ်။ ဓာတ်မတည့်ခြင်းကိုပြတတ်တဲ့ သွင်ပြင်လက္ခဏာတွေကတော့ အဖုသေးလေးများကနေ ယားယံခြင်းတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ချွေးတိတ် ပြီးသွားတာနဲ့ ပျေက်ကင်းနိုင်ပါတယ်။ သိုးမွှေးစများ၊ လက်ဝတ်ရတနာ၊ နီကယ်ပါဝင်တတ်ပြီး အရေပြားယားယံ စေပါတယ်။ ဝတ်မှုန်ကူးထားတဲ့အသီးကို ကိုက်မိလျင်လည်း ယားယံခြင်းများဖြစ်ပေါ်ခံစားရပါတယ်။ ဒါကြောင့် ဘယ်အရာမဆိုသတိပြုစေချင်ပါတယ်။ အားလုံးကျန်းမာကြပါစေ။

Source : Dr Hlaing Min Ko Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။