Essential Phone ကိုမူလက Black Moon နဲ့ Pure White အရောင်နှစ်ခု သာထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ Ocean Depths, Stellar Gray နဲ့ Copper Black အရောင် အသစ်များကိုအကန့်အသတ် ဖြင့် ရောင်းချပေးလိုက်ပါတယ်။ Halo Gray အရောင်ကိုတော့ အမေဇုန် ကနေသာရောင်းချပေးမှာဖြစ်ပြီး Alexa ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက် ပါပါတယ်။

Essential Phone ဟာ Full Screen Smartphone ဖြစ်ပြီး iPhone X နဲ့ ဒီဇိုင်းဆင်တူပါတယ်။ iPhone X မှာလိုသူ့မှာစကရင်ရဲ့ အထက်မှာ ကင်မရာများအတွက် နေရာဖဲ့ယူထားတဲ့ Notch တပ်ဆင်ထားပါတယ်။ သူ့မှာ ၅.၇၁ လက်မမျက်နှာပြင် တပ်ဆင်ထားပြီး QHD နီးပါးအရည် အသွေးရှိပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂လုံးတပ်ဆင် ထားပြီးတစ်လုံးမှာ Color နဲ့နောက်တစ်လုံးမှာ Monochrome ဖြစ်ပါတယ်။ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။

Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။4GB RAM, 128GB Storage, 3040mAh Battery များပါပါတယ်။ Android Oreo Beta Version ကိုထည့်သွင်းပေးထားပါတယ်။ အဲဒီဖုန်းနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ ၃၆၀ ဒီဂရီကင်မရာကိုလည်းကုမ္ပဏီကထုတ်လုပ်ပေးထား ပါတယ်။ ကုမ္ပဏီကလွန်ခဲ့တဲ့ လအနည်းငယ်က Essential Phone အတွက် Software Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ Update မှာ YouTube တွင် ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဗီဒီယိုများကိုတိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်နိုင်တဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။