မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်မှာ ဂလာဘတ်အသင်းဟာ အိမ်ကွင်းမှာ ဒေါ့မွန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ ၄ ပွဲဆက် အနိုင်ရလဒ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ဘတ်ရှုအာရီ ယခုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒဏ်ရာကနေသက်သာလာပြီး ပွဲထွက် ပါဝင်ကစားလာခဲ့တဲ့ မာကိုရူး ရဲ့သွင်းဂိုးကိုတော့ မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂလာဘတ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စတင်ဒယ်၊ ဟော့မန်း၊ ဘိုဘာဒီလာ၊ ခရာမာ၊ ဇာကာရီယာ၊ သောဂန်ဟာဇတ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဘတ်ရှုအာရီ၊ ရှာရယ်၊ ဂေါ့ဇီ၊ မာကိုရူး၊ ကတ်စထရို၊ ဝီဂျယ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ဂလာဘတ်အသင်းကသာ ကျန်ပွဲချိန်တွေမှာ စိုးမိုးနိုင်ခဲ့တာဖြစ်ပါတယ်။သို့သော် ဒေါ့မွန် ခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၃၂ မိနစ်မှာ မာကိုရူး က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ နိုင်ပွဲဆက်နေမှုနဲ့ အတူ ရမှတ် ၄၀ နဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁၉ မှတ်ထိ ကွာဟနေတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။