နှာခေါင်းဟာ လူတစ်ယောက်ရဲ့ အန့ံအရသာခံတဲ့နေရာ မှာအရေးကြီးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါ တယ်။နှာခေါင်းမှာ နှာရည်ပုပ်တာတို့ နှာခေါင်းပိတ်နေခြင်းတို့ဆိုရင် အန့ံလည်းမရတော့ပါဘူး။ ဘာစားစား စားမဝင်တော့ပါဘူးနော် ။ဒါကြောင့် နှာခေါင်းမှ နှာရည်အဆက်မပြတ် စီးကျနေရင် ညှစ်ထုတ်ရခြင်း၊ နှာခေါင်းရောင်ရမ်းခြင်း၊ နှာခေါင်းဝများ မခံနိုင်အောင်နာကျင်ခြင်းတို့ကိုခံစားရတတ်ပါတယ်။

နှာရည်ယိုတာ ကြာလာတာနဲ့အမျှ ပုပ်အက်အက်အန့ံတွေပါရလာခဲ့ရင်တော့ မကောင်းတဲ့လက္ခဏာဖြစ်နေ ပါပြီး ။ဒါကြောင့် ခုဆေးနည်းလေးတစ်ခုပေးပါမယ်။ ကင်ပွန်းသီး ရင့်ရင့်အခြောက်တစ်ထောင့် ကိုဆေးပြီး ကျောက်ပျဉ်တွင် ဆန်ဆေးရည်ဖြင့်ခပ်ပျစ်ပျစ် သွေးပြီး ဆေးရည်ကို နှာခေါင်းကိုခပ်ထူထူလိမ်းပေးပါ။ပြီး တော့နှာခေါင်းဝအတွင်း ခပ်ပါးပါးလေးထည့်သွင်းလိမ်းပေးပါ။ ပြီးတော့ဆေးခြောက်တဲ့အထိ ငြိမ်သက်စွာ လှဲနေပေးပါ။ နံနက်၊ ည (၃) ရက်လိမ်းပေးပါ သက်သာပါလိမ့်မယ်။ မသက်သာလျင် ဆက်လိမ်းပေးပါ။

အသက်ရှူမရတဲ့ သူတွေအတွက် လင်ပန်း(သို့) ဒဝ်အိုး ဖုံးတွင် မီးအရှိန်နီရဲနေတဲ့ မီးခဲတင်ကင်ပွန်းသီး ရင့်ရင့် အခြောက်တစ်ထောင့် ကိုမီးခဲပေါ်တင်ပြီး ထွက်လာတဲ့ မီးခိုးငွေကို ဖြေးညင်းစွာရှူသွင်းပေးပါ။ နံနက် ည ပြုလုပ်ပေးပါ။ တစ်ပတ်အတွင်း နှာခေါင်းပွင့်သွားပါလိမ်းမယ်။ အထက်မှာဖော်ပြပေးတဲ့ ဆေးနည်းလေး တွေကို ယုံကြည်ပြုလုပ်ပေးပါ။ တိုင်းရင်ဆေးနည်းဖြစ်ပြီး ဘေးမဖြစ်စေပါ။ အားလုံးကျန်းမာကြပါစေ။

credit .မြန်မာ့ဆေးစွမ်းကောင်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။