လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘတ်တစ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ လာလီဂါ သွင်းဂိုး ၆၀၀၀ ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါဟာ လာလီဂါကလပ်ထဲမှာ ပထမဆုံး သွင်းဂိုး ၆၀၀၀ ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်း သွင်းယူထားတဲ့ လာလီဂါဂိုးပေါင်း ဟာ ၆၀၀၂ ဂိုး ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘတ်တစ်အသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ အဆန်စီယို ဟာ ဂိုး ၆၀၀၀ မြောက် ဂိုးကိုသွင်းယူပေးခဲ့တဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲစဉ် ၂၃ ပွဲပြီးဆုံးတဲ့ အချိန်မှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ သွင်းဂိုတွေနဲ့ အတူ နိုင်ပွဲတွေ ပြန်လည်ရှာတွေ့နေခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထောင်ပြည့်ဂိုးတွေ သွင်းယူထားနိုင်တဲ့သူများ

၅၀၀၀ ပြည့်ဂိုး - ဂူတီ

၄၀၀၀ ပြည့်ဂိုး - ဇာမိုရာနို

၃၀၀၀ ပြည့်ဂိုး - ကွမ်နီတို

၂၀၀၀ ပြည့်ဂိုး - ဂျန်တို

၁၀၀၀ ပြည့်ဂိုး - ပါဟီနို တို့က သွင်းယူထားခဲ့တာဖြစ်ပါတယ်။ 

source - mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။