ဘရာဇီလ်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အနီကတ် ၉ ကတ်ထိပြသခဲ့ရပါတယ်။လိဂ်ပွဲစဉ်ဖြစ်တဲ့ ဗစ်တိုးရီးယားအသင်းနဲ့ ဘာဟီရာ အသင်းတို့ဟာ ဒါဘီပွဲဖြစ်တာနဲ့ ပွဲဟာ ပွဲဟာအကြိတ်အနှယ်ရှိခဲ့တာလည်းဖြစ်ပါတယ်။ပွဲချိန်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဒိုင်လူကြီးဟာ နှစ်ဖက်ကစားသမားတွေကို ထုတ်ပယ်ခဲ့ပြီး ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာပဲ ပွဲကို ရပ်နားစေခဲ့တာလည်းဖြစ်ပါတယ်။ 

ဗစ်တိုးရီးယားအသင်းဟာ ပထမပိုင်းမှာ ဒီနယ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ဗစ်တိုးရီးယားအသင်း ပယ်နယ်တီစည်းထဲမှာ လက်ထိဘောဖြစ်ခဲ့တာကြောင့် ဘာဟီရာ အသင်းပယ်နယ်တီ ကန်ခွင့်ရရှိခဲ့ပါတယ်။ရရှိလာတဲ့ ပယ်နယ်တီကို ဘာဟီရာအသင်းရဲ့ ကစားသမား ဗီနီစီးရက်စ် က ကန်သွင်းယူခဲ့ပြီး အောင်ပွဲခံရာမှာ ပြသာနာစတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဗီနီစီးရက်စ် ဟာ ပြိုင်ဘက်အသင်းရဲ့ ပရိတ်သတ်တွေ ရှေ့မှာ အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

အဲ့အချိန်မှာ ဗစ်တိုရီးယားအသင်းရဲ့ ဂိုးသမားက ေုပးလာခဲ့ပြီး ဗီနီစီးရက်စ်ကို လည်ပင်းညစ်နေချိန်မှာပဲ ဗစ်တိုးရီးယားတစ်သင်းလုံးရောက်ရှိလာကာ ခိုက်ရန်ဖြစ်ပွားမှုစတင်ခဲ့တာဖြစ်ပါတယ်။ဒိုင်လူကြီးဟာ အစောပိုင်းမှာ ဗစ်တိုရီးယားအသင်းရဲ့ကစားသမား ၃ ဦးနဲ့ ဘာဟီရာ အသင်းရဲ့ ကစားသမား ၂ ဦးကို အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ တစ်ဖက် တစ်ဦးစီးအနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ဗစ်တိုးရီးယား အသင်းဟာ ၄ ဦးထုတ်ပယ်ခံရပြီးနောက်ပိုင်း ပွဲပြီးဖို့ ၁၃ မိနစ်အလိုလောက်မှာ နောက်တစ်ယောက် ထပ်ထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ကွင်းအတွင်း တစ်ဖက်ကို ၇ ယောက်ရှိနေရမယ်ဆိုတဲ့ စည်းမျဉ်းချက်ကြောင့် ဒိုင်လူကြီးဟာ ပွဲကိုရပ်နားခဲ့ရတာလည်းဖြစ်ပါတယ်။ဒါ့အပြင် နှစ်ဖက်ပရိတ်သတ်တွေလည်း ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

source -fox sport asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။