အခုဖော်ပြမယ့် အကြောင်းအရာကတော့ နိုင်ငံတကာမှာ စားသောက်နေကြတဲ့ ထူးခြားဆန်းပြားသော စားစရာ ပုံစံ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ငှက်၊ဘဲ တို့ရဲ့ သန္ဓေသားဥ ပဲ ဖြစ်ပြီး ဘဲမပေါက်မီ အချိန်မှာ ထိုဥကို ပြုတ်ပြီး အခွံမှ ထုတ်ယူ စားသောက်ကြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့ကို စားသုံးတတ်ကြသော်လည်း အဆိုပါ ဥများနှင့် ကွဲပြားသည်ကတော့ သားကောင် ပေါက်ခါနီး အချိန်ကို စားသုံးကြတာပဲ ဖြစ်ပါတယ်။ 

များသောအားဖြင့်တော့ ဖိလစ်ပိုင် နိုင်ငံရဲ့ လမ်းဘေး စျေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူစားသောက်လေ့ ရှိကြပါတယ်။ ဒါ့အပြင် အရှေ့တောင် အာရှ နိုင်ငံ များ ဖြစ်ကြတဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ ဗီယက်နမ်တို့မှာလည်း ဘီယာနဲ့ တွဲဖက် စားသုံးရန် နာမည်ကြီး စားစရာ တစ်မျိုး ဖြစ်နေပါတယ်။ ဘဲ (သို့မဟုတ်) ငှက် သန္ဓေသားဥကို ဥ ဥပြီး ၁၄ ရက်မှ ၂၁ ရက်အတွင်း စားသုံးကြတာမျိုး ဖြစ်ပါတယ်။ အရသာ အနေနဲ့ကတော့ အရမ်းစားကောင်းပြီး ဘီယာ၊ အရက်တို့နဲ့ တွဲဖက်စားသုံးရင် ပိုပြီး လိုက်ဖက်တယ်လို့ သိရပါတယ်။ 

ဒီလို စားသောက်မှု ပုံစံမျိုးကိုတော့ တစ်ချို့တွေ အနေနဲ့ ထူးခြားခြင်း၊ အ့ံသြစရာ ကောင်းခြင်း၊ ထိတ်လန့် စရာ ကောင်းခြင်း စတဲ့ အယူအဆ များ ရှိကြသော်လည်း အချို့သော လူများ အဖို့တော့ နှစ်ခြိုက်စွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် တရုတ် အစားအစာတွေထဲမှာ အဆိုပါ ဘဲ သန္ဓေသားဥက ကျန်းမာရေးအတွက် အထောက်အပံ့ ပေးတဲ့ စားစရာ တစ်ခု အဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် အမျိုးသား ဟော်မုန်းကို မြင့်တက်စေပြီး ကာမစိတ်ကိုလည်း ပိုပြီး နိုးကြားစေတယ်လို့ စားသုံးသူများက ဆိုထားပါတယ်။

အချို့သော ဘာသာရေး၊ တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး နှင့် လူမှု ကျန်မာရေး စတဲ့ အသင်းအဖွဲ့များ အနေနဲ့ကတော့ ဒီလို စားသုံးမှုမျိုးကို စက်ဆုပ် စရာ တစ်ခု အဖြစ် သတ်မှတ်ကြပြီး ကန့်သတ် တားမြစ်ရန် ငြင်းခုံနေမှုမျိုးလည်း ရှိနေကြပါတယ်။

အားလုံးပဲ ဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင် ကြပါစေရှင်။ 

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။