ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ဂျူရာမြို့မှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။လေယာဉ်ငယ် ပျက်ကျမှုကြောင့် လူ ၃ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါ လေယာဉ်ဟာ ပါရီမြို့ ဆင်ခြေဖုံးနေရာမှ အရှေ့ပိုင်း Annemasse ဒေသသို့ ပျံသန်းလာခဲ့တာလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီ ၁၈ ရက် ဒေသစံတော်ချိန် ၁ရး၀၀နာရီမှာ ပျက်ကြခဲ့တာလည်းဖြစ်ပါတယ်။လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူအားလုံးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့မသိရှိရသေးတာလည်းဖြစ်ပါတယ်။လေယာဉ်မှူးရဲ့ မှားယွင်းမှုလား ဒါမှမဟုတ် စက်ချို့ယွင်းမှု ကြောင့်လားဆိုတာကိုတော့ အဖြေရှာနေရအုံးမှာလည်းဖြစ်ပါတယ်။သေဆုံးသွားသူတွေကတော့ ပြင်သစ်နိုင်ငံသား ဇနီးမောင်နှံ ၂ဦး နှင့် ၁၀နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ကြောင်း သတင်းတွေကဖော်ပြထားတာလည်းဖြစ်ပါတယ်။

source -xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။