အရပ်ရှည်တာဟာ စမတ်ကျပြီးဆွဲဆောင်မှုရှိပေမယ့်လည်း သူတို့က ပုပုလေးနဲ့ချစ်စရာ ကောင်းနေတဲ့ ကောင်မလေးတွေကိုတော့ မမှီပါဘူး။ ဒါကြောင့် သင့်မှာ အရပ်ပုပုနဲ့ ချစ်စရာကောင်မလေး ဒါမှမဟုတ် ကောင်လေးကိုပိုင်ဆိုင်ထားမယ်ဆိုရင် ဒီလိုသဘော ကျစရာကောင်းတဲ့ အချက်ကလေးတွေရှိတာမို့ ဂုဏ်ယူလိုက်တော့နော် ။

(၁) ချစ်စရာကောင်းမယ် ။

အရပ်ပုတဲ့သူတွေဟာ အရွယ်တင်တယ်ဆိုတာ ဒီနေရာမှာ သိပ်ကိုအသုံးဝင်ပါတယ်။ ဘယ်ချိန်ကြည့်ကြည့် ကလေးလေးတစ်ယောက်လို အရွယ်တင်နေမှာမို့ သင့်ကတော့ ကံကောင်းတဲ့သူပါပဲ ။

(၂) ကဗျာဆန်မယ်

ကဗျာဆန်ပါလိမ့်မယ် ဘာလို့ဆို အနမ်းတွေပေးတဲ့အခါ အရပ်အကွာအဝေးတွေကြောင့် ခြေဖျားထောက် ခါးကိုဆန့်ပြီးမှ အနမ်းတွေပေးဖို့ သူအဆင်သင့်ဖြစ်မှာပါ။


(၃) ပွေ့ချီနိုင်မယ် ။

ချစ်သူကိုပွေ့ချီဖို့အတွက်ဆို အရပ်ပုပုကလေးဖြစ်နေမှ အဆင်ပြေနိုင်ပြီး ရိုမန်တစ်ဆန် နိုင်မှာပါ။

(၄) မှီခိုအားကိုးတက်မယ် ။

သူက အရပ်ပုပုကလေးနဲ့မို့ ဘတ်စ်ကားစီးတဲ့အခါ အမြင့်တစ်နေရာက ပစ္စည်းတစ်ခုခုကို ယူတဲ့အခါပဲ ဖြစ်ဖြစ် သင့်ကိုပဲ မှီခိုအားကိုးရမှာပါ ။

(၅) ဖက်ရှင်ကျနေမယ် ။

အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ဒါမှမဟုတ် ဂါဝန်ဖြစ်ဖြစ် ဝတ်လိုက်တိုင်း ကြည့်ကောင်းနေ မှာက အရပ်ပုပုကောင်မလေးတွေပါနော် ။

ဒါဆို သင့်မှာရော အရပ်ပုပုကလေးနဲ့ ဒီလိုချစ်စရာကောင်းတဲ့ ချစ်သူရှိပြီလား ??

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။