Eleven သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် သုံးသပ်ချက်

၁။ အလောင်းတွင်အဝတ်အစားများ တွန့်ကြေခြင်း၊ စုတ်ပြဲနေခြင်းများ မတွေ့ရသဖြင့် ထိုးကြိတ်ရန်ဖြစ်ခဲ့တာမျိုး ဖြစ်ဟန်မတူပါ။

၂။ အခင်းဖြစ်ပွားရာအနီးတွင် နှစ်လက်မပတ်လည်အရွယ် သစ်သားတုတ်တစ်ချောင်း (တုတ်တွင် အပေါက်ဖောက်ထား)ကို တွေ့ရှိရသဖြင့် တရားခံသည် အဆိုပါ သစ်သားတုတ်ကို ကြိုတင်ယူဆောင်လာခဲ့ခြင်း ဖြစ်နိုင်သည်။

၃။ ဆိုင်ကယ်ဦးထုပ်တွင် မည်သည့်ပွန်းရာပဲ့ရာမှ မတွေ့ခြင်း၊ ဆိုင်ကယ်သည်လည်း အရှိန်ဖြင့်လဲကျသည့် မည်သည့်ပုံစံမှ မတွေ့ရခြင်းကြောင့် ဆိုင်ကယ်မောင်းနေစဉ် တုတ်ဖြင့် ဖြတ်ရိုက်ခြင်း သို့မဟုတ် ကားတစ်ဦးပေါ်မှ အရာဝတ္ထုတစ်ခုခုဖြင့် တိုက်ခိုက်မိခြင်း မဖြစ်နိုင်။

၄။ ခေါင်းကို တုတ်ဖြင့်ရိုက်ထားသော ဒဏ်ရာသုံးချက်သာရှိပြီး ရိုက်ချက်မှာ အလွန်ပြင်းထန်သဖြင့် တရားခံမှာ ခွန်အားဗလကောင်းသူဖြစ်နိုင်ပြီး လက်ယဉ်ပါးသူတစ်ဦး ဖြစ်နိုင်။

၅။ ဖုန်း၊ဘဏ်စာအုပ်၊ လက်စွပ် အစရှိသည်တို့ကို တစ်ခုမှ ယူဆောင်မသွားခြင်း ဖြစ်သည့်အတွက် လုယက်ပြီး သတ်ခဲ့ခြင်းမဟုတ်ဘဲ အငြိုးဖြင့် သတ်သည်ဆိုတာ ပေါ်လွင်

၆။ အလောင်းကို မှောက်လျက်အနေအထားဖြင့် တွေ့ရှိရပြီး ဆိုင်ကယ်သည် အလောင်းနှင့် ၅၁ ပေအကွာတွင် တည်ရှိနေပြီး ဆိုင်ကယ်ကို လှဲချထားသည့် ပုံစံဖြစ်နေသောကြောင့် အက်စီးဒင့်ဖြစ်သယောင်ယောင် ဖန်တီးထားသည်ဟု သုံးသပ်ရပါသည်။

၇။ အလောင်းနှင့် မလှမ်းမကမ်းရှိ ခြုံပုတ်တွင် သွေးများစွာ စွန်းပေနေသည်ကို တွေ့ရှိရသောကြောင့် အဆိုပါနေရာတွင် သတ်ဖြတ်ပြီးမှ ကားလမ်းဘက်သို့ အလောင်းကို ရွေ့လိုက်သည်ဟုလည်း ယူဆနိုင်ဖွယ်ရှိ။

၈။ ကိုစိုးမိုးထွန်း၏ လတ်တလော ဖေ့ဘုတ်တွင် သစ်မှောင်ခိုကိစ္စများ သတင်းတင်ထားသည်ကိုလည်း တွေ့ရှိရပြီး မကြာသေးခင်ကလည်း မုံရွာမြို့တွင် KTV ဆိုင်အသစ်များ တိုးချဲ့မည့်အပေါ် သက်ဆိုင်ရာသို့ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က ကန့်ကွက်စာများ ရေးသားခဲ့သည်ဟု သိရှိရ

၉။ နောက်ဆုံးထွက်ခွာရာနေရာမှ ၂၂မိနစ်အကြာတွင် ရောက်ရှိနိုင်သော အခင်းဖြစ်ပွားရာနေရာ (ပြည်ထောင်စုလမ်းဘေး ၁၆ နှင့်ဂေါက်ကွင်းကြား)သည် လူအနညး်ငယ် ပြတ်တောက်သည့်နေရာဖြစ်၊ နောက်ယောင်ခံလိုက်ပြီး ကြိုတင်စီမံကာ သတ်ဖြတ်သည့်အမှုဖြစ်ကြောင်း ပေါ်လွင်နေ

Credit - Zaw Thurein Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။