ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှုး ဟီဂူအင်က မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရရရှိခဲ့တာလည်းဖြစ်ပါတယ်။မနေ့က တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ ဟီဂူအင်ဟာ ပွဲချိန် ၁၅ မိနစ်လောက် မှာ ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒဏ်ရာကြောင့် ကစားဖော် ဘာနာဒက်ချီနဲ့ လူစားလဲခဲ့ရတာလည်းဖြစ်ပါတယ်။ဟီဂူအင်ဟာ အရန်ခုံမှာ နာကျင်နေတဲ့ပုံရိပ်တွေကြောင့် ဒဏ်ရာဟာ အနည်းငယ်ပြင်းထန်ခဲ့တယ်လို့ သတင်းတွေက ဆိုခဲ့ပါတယ်။

ထိုပွဲမှာ ဂျူဗင်တပ်အသင်းဟာ တိုရီနိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီကတော့ ဟီဂူအင်ဒဏ်ရာရရှိခဲ့တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး စပါးအသင်းနဲ့ ပွဲစဉ်ကိုပါ လွဲချော်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပါးအသင်းနဲ့ ဒုတိယအကျော့ယှဉ်ပြိုင်ကစားရအုံးမှာလည်းဖြစ်ပါတယ်။ပထမအကျော့မှာ ဂျူဗင်တပ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ 

ဂျူဗင်တပ်အသင်းအတွက် ၂ ဂိုးလုံးကိုတော့ ဟီဂူအင်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဟီဂူအင်ဟာ စပါးနဲ့ ပွဲစဉ်မှာ ပယ်နယ်တီလွဲခဲ့တာကြောင့် ဟတ်ထရစ်ရမဲ့ အခွင့်အရေးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ဟီဂူအင် ဒဏ်ရာရရှိခဲ့တာဟာ ဂျူဗင်တပ်အသင်းအတွက် ဆုံးရှုံးမှုဖြစ်ပေမယ့် တစ်ခြားတိုက်စစ်မှုးဖြစ်တဲ့ ဒီဘာလာ ပြန်လည် ကစားနိုင်ခဲ့ပြီဖြစ်တာကြောင့် ဂျူဗင်တပ်အသင်းအတွက် စိတ်သက်သာရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

source - daily mail sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။