"အချစ်ရေးနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို မစဉ်းစားသေးပါဘူး" ဆိုတဲ့ ရွှေသမီး

အနုပညာပျိုးခင်းရဲ့ ပန်းလေးတစ်ပွင့်ဖြစ်တဲ့ ရွှေသမီးကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောပြသွားပြီနော်………………

အများနဲ့မတူ တမူထူးတဲ့ကိုယ်ပိုင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားလာသူကတော့ "ရွှေသမီး" ပဲဖြစ်ပါတယ်။ သရုပ်ဆောင် ရွှေသမီးဟာ နာမည်ရတက်သစ်စမင်းသမီးတစ်ဦး ဖြစ်လာပြီး ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ကားကြီးတွေမှာပါ ဝင်ရောက်ရိုက်ကူးလျက်ရှိပါတယ်။ ထိုင်း-မြန်မာ ဖက်စပ်ရိုက်ကူးထားတဲ့ "တီတီနှင့် ဒိုးနပ်" ဇာတ်ကားမှာ ပါဝင်ရိုက်ကူးထားပြီး လာမည့် ဇန်နဝါရီမှာ ရုံတင်မယ်လို့လည်း သိရပါတယ်။ မင်းသမီးလေးရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မြည်းစမ်းကြည့်တဲ့ အခါမှာတော့……………

"ကိုယ်ကအနုပညာလမ်းကြောင်းမှာ အခုမှဝမ်းစာဖြည့်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အချစ်ရေးနဲ့ပတ်သတ်တဲ့ ကိစ္စတွေမစဉ်းစားသေးပါဘူး။ အချိန်တန်တော့လည်း သူ့ဟာသူ ဖူးစာရှင်တွေ့လာမှာမို့ မရှာတော့ပါဘူး" ဆိုပြီး ပရိသတ်ကြီးကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းစကားလေးလည်း ပြောကြားခဲ့ပါတယ်…………

ရွှေသမီးလေးကတော့ အချစ်ရေး မစဉ်းစားသေးဘူးတဲ့နော်………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။