အနုပညာလောကမှာ ဖိုက်တင်မင်းသား၊သဘာဝမင်းသားလို့ပရိသတ်လူသိများတဲ့ မင်းသားနေထူးနိုင်ကတော့ လက်ရှိမှာ စိတ်ညစ်စရာတချို့ကြုံတွေ့နေရတယ်လို့သိရပါတယ်။အကြောင်းကတော့ လူမှုကွန်ယက်မှာနေထူး နိုင် သုံးနေတာမဟုတ်တဲ့ ဖေ့ဘွတ်အကောင့်အတုတွေပေါ်ပေါက်နေလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီအကောင့်အတုတွေ ကြောင့်လည်းနေထူးနိုင် တစ်ယောက်တော်တေ်ာ့ကို စိတ်ညစ်နေရတာပဲ ဖြစ်ပါတယ်။

လက်ရှိလူမှုကွန်ယက်မှာတော့ Nay Thoo Naing 2017 ဆိုတဲ့ နာမည်နဲ့အကောင့်အတုတစ်ခုဟာ နေထူးနိုင်ရဲ့ မထွက်ရှိသေးတဲ့ဇာတ်ကားအသစ်တွေကို တင်နေတာပဲဖြစ်ပါတယ်။နေထူးနိုင်ကိုယ်တိုင်လည်း ဒီအကောင့်က သူသုံးနေတာမဟုတ်ဘူးဆိုတဲ့ အကြောင်းလေးကို ပရိသတ်တွေဆီအသိပေးခဲ့ပါတယ်။နေထူးနိုင်ကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့လည်း အခုလိုတွေ မတင်အောင်ကူညီပေးကြပါအုန်းလို့ မေတ္တာရပ်ခံထားတာပဲဖြစ်ပါတယ်။ 

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ “မာယာဝင်င်္ကပါ”ဆိုတဲ့ဗီဒီယိုဇာတ်ကားလေးကို ရိုက်ကူးနေ တာပဲဖြစ်ပါတယ်။နေထူးနိုင်ရိုက်ကူးနေကြဇာတ်ကားပုံစံလေးအတိုင်း အက်ရှင်ဆန်ဆန်နဲ့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ဇာတ်လမ်းပုံစံလေးပဲဖြစ်ပါတယ်။အားပေးမယ်မဟုတ်လားပရိသတ်ကြီး။လက်ရှိမှာကြုံတွေ့နေရ တဲ့ ဖေ့ဘွတ်အကောင့်အတုပြသနာတွေလည်းအမြန်ဆုံးပြေလည်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - နေထူးနိုင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။