အနုပညာလောကရဲ့ နာမည်ကြီး မော်ဒယ်လ်တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားသူလည်းဖြစ်တဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်ပါတယ်။ ယခုလူမှုစာမျက်နှာတွေထက်မှာတော့ မော်ဒယ်လ်ပိုင်တံခွန်တစ်ယောက် ချစ်သူရနေပြီလားဆိုတာ သူ့ရဲ့ ပရိသတ်တွေကြား မေးခွန်းထုတ်စရာ ဖြစ်နေကြပါတယ်။ 

ပိုင်တံခွန်နဲ့ နာမည်ထွက်နေသူကတော့ ပရိသတ်တွေ သိထားပြီးသားဖြစ်တဲ့ Miss Intercontinental Myanmar 2014 Winner ဆုရှင်ဖြစ်တဲ့ အိန်ဂျယ်လမုံ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို ဓာတ်ပုံရှုတင်တွေရိုက်နေရသူတွေဖြစ်ပြီး လက်ရှိမှာတော့ တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ ပရိသတ်အများစုကတော့ တကယ်တွဲနေကြတာ သေချာနေတယ်လို့ ပြောနေကြပါတယ်။

အိန်ဂျယ်လမုံရဲ့ ဓာတ်ပုံလေးတွေအောက်မှာ ပိုင်တံခွန်ရဲ့ comment တွေကို မကြာမကြာတွေ့နေရပြီး အိန်ဂျယ်ရဲ့ caption အများစုကလည်း "ကို" ဆိုပြီးဂဖြစ်လို့နေပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ နှစ်ဖက်လုံးရဲ့ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး ပရိသတ်တွေကတော့ တကယ်အတည်တွဲနေကြတာ ဟုတ်လား မဟုတ်လားဆိုတာကို သိချင်နေကြပါတယ်။

Source: Paing Takin and Lamaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။