ပိုပိုဆိုရင် မိန်းကလေးအဆိုတော်တွေထဲ ထူးခြားတဲ့ အသံနဲ့ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တစ်ဦးဖြစ်မှန်း ပရိတ်သတ်တွေ အားလုံးသိကြပါတယ် ။

နောက်ထပ် ပိုပိုရဲ့ ထူးခြားမှုတစ်ခုက ခန္တာကိုယ်မှာ တတ်တူးတွေ အများကြီးရှိနေတာပါ ။ အခြားနိုင်ငံတွေမှာ မိန်းကလေးတတ်တူးရှိတာ သိပ်မထူးဆန်းတော့ပေမယ့်

မြန်မာနိုင်ငံမှာတော့ များသောအားဖြင့် မိန်းကလေးတွေက တတ်တူးအများကြီးထိုးလေ့မရှိတာမို့ ပိုပိုရဲ့ တတ်တူးတွေဟာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

တတ်တူးကို ကြိုက်လို့ထိုးခဲ့ပေမယ့် ပိုပိုက သူမရဲ့ မိန်းကလေးပရိတ်သတ်တွေကိုတော့ သူမလို တတ်တူးတွေ မထိုးစေချင်ပါဘူးတဲ့ ။  

" တက်တူးကို ကြိုက်ပေမဲ့ ကျမ ပရိတ်သတ်တွေကိုတော့ မထိုးပါနဲ့လို့ အမြဲ တားမြစ်နေကျပါ မိန်းကလေး ပရိတ်သတ်တွေကို

ထပ်မှာချင်တာက ပိုပိုကို အားကျ လို့ တက်တူး ထိုးတာမျိူး မဖြစ်စေချင်ဘူး bec I am an artist. You are not.

အရမ်း ထိုးချင်ရင် ကိုယ်ခံယူချက်နဲ့ကိုယ်ထိုး သေသေချာချာ စဉ်းစား ပြီးမှ စိတ်ချရတဲ့ ပုံ ထိုးပါ လူသိပ်မမြင်နိုင်တဲ့နေရာတွေမှာ ထိုးပါ အရင် ကပ်လို့ရတဲ့ tattoo stickers တွေ ဝယ်ကပ်ကြည့် စိတ်ပြေလက်ပျောက်ပေါ့

ပိုပို လိုမျိူး တက်တူးတွေ နာမည်တွေ ပိုပို ပုံတွေ အထူးသဖြင်မထိုးပါနဲ့လို့ မှာချင်ပါတယ် ထိုးပြီးသား fan တွေလဲ ချစ်ပါတယ် ပိုတောင်ချစ်မှာပါ နော် ထပ်မထိုးနဲ့တော့

I love you whatever you are .love me whatever I am.That is only I want. Thank you

By the way Don't judge me plx. " လို့ သူမက ဆိုပါတယ် ။ 

တတ်တူးဆိုတာ ထိုးပြီးပြန်ဖျက်ရခက်တာမို့ သူမ ဒီလိုဆိုလာတာဖြစ်ပါတယ် ။ အနုပညာရှင်တွေက လူငယ်တွေရဲ့ စိတ်ကိုလွှမ်းမိုးနိုင်တာကြောင့် အတုယူမှားသွားမှာစိုးရိမ်နေပုံပါပဲ ။ တတ်တူးမထိုးပေးလဲ သူ့ Fan တွေကို ချစ်တာမို့ ထပ်မထိုးပါနဲ့တော့ လို့ သူမက ဆိုလာတာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။