လတ်တလော မြန်မာပရိတ်သတ်တွေကြားထဲ ရေပန်းအစားဆုံးဖြစ်နေတဲ့ သီချင်းဆိုပြိုင်ပွဲကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးပါ ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ နာရီက ထုတ်လွှင့်သွားခဲ့တဲ့ ဒီ သီချင်းဆိုပြိုင်ပွဲရဲ့ အကြောင်းက အင်တာနက်ပေါ်မှာ လွှမ်းမိုးနေခဲ့ပါတယ် ။ The Voice သီချင်းဆိုပြိုင်ပွဲကြီးဟာ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံကျော် တေးသံရှင်တွေ အများကြီးမွေးထုတ်ပေးခဲ့ပြီးပါပြီ ။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ဒီ သီချင်းဆိုပြိုင်ပွဲကြီးမှာ အနိုင်ရသူက ဆုကြေးငွေကျပ်သိန်း(၂၀၀)တိတိရရှိမှာဖြစ်ပြီး ကမ္ဘာကျော် Music ကုမ္ပဏီတစ်ခုဖြစ်တဲ့ UNIVERSAL Music နဲ့ Solo Album ထုတ်ခွင့်ရမှာဖြစ်တာမို့ ဘယ်သူ Winner ဖြစ်မလဲဆိုတာကို ရင်ခုန်စရာပါပဲ ။ ပါ၀င်ယှဉ်ပြိုင်သူတွေကလည်း သူတို့ရဲ့ အရည်အချင်းတွေကိုထုတ်ပြသွားခဲ့ကြတာ ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ် ။ ဒိုင်တွေဖြစ်တဲ့ ကျားပေါက် ၊ လင်းလင်း ၊ ရန်ရန်ချမ်း နဲ့ နီနီခင်ဇော် တို့ကလည်း သဘာရင့် ဂီတပညာရှင်တွေဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအပေါ် သူတို့ပေးမယ့် မှတ်ချက်ကိုလည်း ပရိတ်သတ်တွေက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတာပါ ။ 

ဒီထဲမှာ ဒိုင်တစ်ဦးဖြစ်တဲ့ လင်းလင်းဟာ ပြိုင်ပွဲဝင်သူတစ်ယောက်ကို အကဲဖြတ်ပေးတဲ့နေရာမှာ ကိုယ်တိုင် စင်ပေါ်တက် ပြိုင်ပွဲဝင်နဲ့ အတူ သီချင်းပြန်ဆိုရင်း သူပြင်ပေးချင်တဲ့နေရာကို သင်ပေးသွားခဲ့ပုံကိုတော့ ပရိတ်သတ်တွေ Heart ထိခဲ့ပါတယ် ။ ဒီလို စေတနာအပြည့်နဲ့ မှားနေတဲ့နေရာကို စကားနဲ့တင်ထောက်မပြဘဲ ကိုယ်တိုင်အတူဆိုပြရင်း အမှန်ပြင်ပေးတဲ့ လင်းလင်းကို ပရိတ်သတ်တွေ ချီးကျူးခဲ့ရပါတယ် ။ 

The Voice Myanmar ပြိုင်ပွဲကြီးကတော့ စစချင်းမှာပဲ ထူးခြားမှုတွေ အပြည့်နဲ့ ပရိတ်သတ်စိတ်ကို လွှမ်းမိုးနိုင်ခဲ့ပါပြီ ။ ဒိုင်တွေရဲ့ အနုပညာဝမ်းစာပြည့်ဝမှုနဲ့ အဆိုရှင်ကောင်းတွေကို ဘယ်လို မွေးထုတ်ပေးမလဲဆိုတာ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုရမယ့် ပြိုင်ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် The Voice Myanmar and photo - popolay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။