၀ါရင့်သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ Single Mother တစ်ယောက်အဖြစ် သမီးလေးကို ပြုစုပျိုးထောင်ပေးနေသူဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေနည်းသွားပေမယ့်လည်း လူမှုကွန်ရက်မှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမပြတ်မျှဝေပေးနေတာမို့ ပရိသတ်အားပေးမှုတွေ ဒီနေ့ထိ ရရှိနေဆဲဖြစ်ပါတယ်။

သြစီကနေ မြန်မာပြည်ကို ခွင့်ပြန်လာတဲ့ သမီးဖြစ်သူမြူလင်းကိုကို တစ်ယောက် မနေ့က ပညာတော်သင်ပြန်သွားရတော့မှာမို့ တစ်မိသားစုလုံးလိုက်လံနှုတ်ဆက်ရင်း ၀မ်းနည်းကျန်ရစ်ခဲ့ပုံတွေကို လင်းဇာနည်ဇော်က သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ မျှဝေထားပါတယ်။

" အော်~ ဒီနေ့ပဲပြန်သွားတယ်

ဘယ်လိုပဲသတိကပ်ကပ်

အသိကလွတ်လွတ်သွား

နေရထိုင်ရမသက်သာပါလား " လို့ ရင်နင့်ဖွယ်ရင်ဖွင့်ထားပါတယ်။ 

ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးကို ပိုင်ဆိုင်ထားရတဲ့အတွက် အရမ်းကံကောင်းသလို သမီးဖြစ်သူ မြူလင်းဟာ တစ်အိမ်လုံးရဲ့ အချစ်တော်လေးဖြစ်နေတာပါ။

ဒါ့ကြောင့် မြူလင်းလေးဟာ လေဆိပ်မသွားခင်မှာ မိသားစုဝင်တွေအားလုံးကို နှုတ်ဆက်ပြီး ပညာတွေသင်ဖို့ တိုင်းတစ်ပါးကို ပြန်သွားပြီဖြစ်ပါတယ်။

မေမေ လင်းဇာနည်ဇော် ကတော့ တစ်ဦးတည်းသောသမီးလေးကို မခွဲချင်ပဲ ခွဲခွာရဦးမှာမို့ အတော်လေးစိတ်မကောင်းဖြစ်နေပုံရပါတယ်။သူမတို့သားအမိလေးရဲ့ တစ်ဦးအပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဓာတ်ပုံလေးကြည့်လိုက်တာနဲ့ ပရိသတ်တွေကိုပါ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်စေမှာသေချာပါတယ်။ 

သူမတို့ တစ်အိမ်သားလုံး ရဲ့ ၀မ်းနည်းနေတဲ့ မြင်ကွင်းလေးကို အတိုင်းသားတွေ့မြင်ရပါတယ်။

မြူလင်းလေးအတွက် ပရိသတ်ကြီးလည်း ဆုတောင်းပေးလိုက်ပါဦးနော်။  

Source : Linzarnizaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။