၂၀၀၂ ခုနှစ်က ပုပ္ပါးတောင် ဒေသနဲ့ အလောင်းတော် ကဿပ ဘေးမဲ့ဥယျာဉ်ဒေသမှာ ရှားပါးတဲ့ တောက်တဲ့မျိုးနွယ်စိပ် အသစ် ၂ မျိုးကို ရှာတွေ့ခဲ့ကြပါတယ်။ ဇီဝ သိပ္ပံအမည်ကတော့ Cyrtodactylus brevidactylus bauer ဖြစ်ပါတယ်။ ပုပ္ပါးမှာတွေ့ရတဲ့ တောက်တဲ့များဟာ အိန္ဒိယ-သီရိလင်္ကာ မှာ တွေ့ရတဲ့ Geckoella တောက်တဲ့နဲ့ အပြင်ပန်း အလားသဏ္ဍာန်တူပြီး..သေးငယ်တဲ့ ခြေချောင်းများ၊ ရင်ဘက်ပိုင်း အရေခွံထူများ ပါရှိကာ အမြီးပိုင်းကတော့ အဆစ် (ဒွာရစုံပေါက်) (၈) ခုလောက်သာ ရှိတဲ့အတွက် တိုနံ့နံ့ တုံးတိတိ ရှိနေပါတယ်။ 

ခြေထောက်ပိုင်းဟာ လက်ပိုင်းထက်ပို ကြီးပြီး အရေးကြောင်း ပိုများပါတယ်။ အလောင်းတော် ကဿပ ဘေးမဲ့တောမှာတွေ့ရတဲ့ တောက်တဲ့မျိုးနွယ်တွေကတော့ အမြီးပိုရှည်လျားပြီး ဒွာရစုံပေါက် ၉ ခုမှ ၁၁ ခုအထိ ပါရှိပါတယ်။ ဒီ တောက်တဲ့အမျိုးအစားသစ် ၂ မျိုးကို ရှာဖွေတွေ့ရှိခဲ့သူကတော့ အေရွန် ဘူရာ (Aaron M Bauer) ဆိုသူ ဇီဝသိပ္ပံပညာရှင်ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ သူ့ရဲ့ စာတမ်းထွက်ရှိထားပါတယ်။ (အေရွန် ဘူရာ ပုံကို နောက်မှာ ဖော်ပြပေးထားပြီး ပထမ Comment မှာလည်း သူ့စာတမ်း link ကို ရေးပေးထားပါတယ်။)

ကျနော်တို့နိုင်ငံမှ ရှားပါးမျိုးစိပ်ကို Bauer က ရှာတွေ့ခဲ့လို့ ဒီ တောက်တဲ့ မျိုးစိပ် အမည်ရဲ့ နောက်မှာ bauer ဆိုတဲ့ အမည် ထည့်ပေးခဲ့တာဖြစ်ပါတယ်။ တောက်တဲ့ဟာ ကျောရိုးရှိ တွားသွားသတ္တဝါမျိုးဖြစ်ပြီး အင်းဆက်ပိုးမွှားများနဲ့ အခြားသေးငယ်တဲ့ ကျောရိုးမဲ့ သတ္တဝါ (Arthropods) များကိုသာ စားသုံးလေ့ရှိပါတယ်။

Source : The Space & Universe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။