နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မေဦး ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ချစ်စရာအကောင်းဆုံးလိင်တူစုံတွဲလေးဖြစ်တဲ့ မေဦး နဲ့ ဟန်လင်းတို့ စုံတွဲလေးဟာ ငပလီကမ်းခြေကို တူနှစ်ကိုယ်တည်း ခရီးထွက်နေတယ်လို့သိရပါတယ်။

စိတ်ချမ်းသာစရာအချစ်ရေးပိုင်ဆိုင်ထားတဲ့ မိတ်ကပ်မေဦးဟာ ပြီးခဲ့တဲ့ ချစ်သူများနေ့တုန်းကလည်း သူမရဲ့ ချစ်သူဟန်လင်းကို ရိုမန့်တစ်ဆန်ဆန် Surprise လုပ်ခဲ့တာနဲ့ပတ်သက်ပြီး မိန်းကလေးပရိသတ်တိုင်းအားကျခဲ့ရပါသေးတယ်။

လက်တလောမှာတော့ သူတို့ချစ်သူနှစ်ဦးသား ငပလီကမ်းခြေမှာ အပန်းဖြေနေရင်း အမှတ်တရပုံရိပ်လေးတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။

ခရီးတွေအတူတူထွက်တိုင်း အဝတ်အစားဆင်တူလေးတွေ ၀တ်လေ့ရှိတဲ့ သူတို့စုံတွဲကတော့ အခုတစ်ခေါက် ငပလီခရီးစဉ်မှာလည်း လိုက်ဖက်ညီအောင် ၀တ်ဆင်ထားကြပါတယ်။

သူတို့စုံတွဲချစ်လိုက်ပုံကတော့ သဘာဝတရားနဲ့ ဆန့်ကျင်တယ်လို့ ဝေဖန်မှုတွေခံနေရပေမယ့်လည်း သူတို့ကို ချစ်ခင်အားပေးသူတွေလည်း အများကြီးရှိနေပါတယ်။

ဒါ့ကြောင့်လည်း ဖေ့ဘုတ်ဆယ်လီတွေဖြစ်တဲ့ သူတို့စုံတွဲကို စိတ်ဝင်တစားစောင့်ကြည့်နေသူတွေပိုများလာတာဖြစ်ပါတယ်။

Source : May Oo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။