မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပြိုင်ပွဲ Round 5 ပွဲစဉ်မှာ ဝီဂန်အသင်းဟာ မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဝီဂန်အသင်းဟာ FA ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တတ်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပြီလည်းဖြစ်ပါတယ်။

ဝီဂန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရစ်ဂျ်၊ ရောဘတ်၊ ပေါဝဲလ်၊ ပါကင်စ်၊ ပိုဝါ၊ မက်ဆေး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အဂူရို၊ ဆာနေး၊ ဘာနန်ဒိုဆေးဗာလ်း၊ ဒေးဗစ်ဆေးဗာလ်း၊ ဖာနန်ဒင်ဟို၊ ဂန်ဒိုဂမ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ပွဲချိန်ပြည့်နီးပါး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဝီဂန်အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားလက်စွမ်းပြခဲ့မှုကြောင့် သွင်းဂိုးတစ်ဂိုးတောင်မရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဝီဂန်အသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ဂရစ်ဂျ်က ၇၉ မိနစ်မှာ သွင်းယူထားခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ကစားသမား ဖေဘီယန်ဒီလက်ဟာ ပွဲချိန် ၄၅ မိနစ်မှာ လျှောထိုးဝင်ရောက်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အိမ်ရှင် ဝီဂန်အသင်းရဲ့ ပရိသတ်တွေကတော့ အိမ်ကွင်းမှာ အောင်ပွဲခံခဲ့ကြတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။