ယမန်နေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါယာဉ်တိုက်မှုကတော့ ညနေ ၆နာရီကျော်ကျော်လောက်က မြန်မာပလာဇာရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၎င်းယာဉ်တိုက်မှုကတော့ အောက်ကြောအတိုင်းမောင်းနှင်လာတဲ့ Toyota Mark ll ကားကို YBS 28 ယာဉ်မှ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အတိုက်ခံရတဲ့ Toyota ကားကိုမောင်းနှင်လာခဲ့တာကတော့ မင်းသားကြီးနေအောင်ဖြစ်တယ်လို့လဲသိရပါတယ်။ ထိုသို့အတိုက်ခံရမှုကြောင့် မင်းသားကြီးနေအောင်းအနေနဲ့ အနည်းငယ်ထိတ်လန့်ခဲ့ရပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့လဲသိရပါတယ်။

အတိုက်ခံရမှုကြောင့် မင်းသားနေအောင်ရဲ့ကားကတော့ ရှေ့ပိုင်းအနည်းငယ်ပျက်စီးသွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ယာဉ်ထိန်းရဲများရောက်ရှိလာပြီး ဝင်တိုက်ခဲ့တဲ့ YBS 28 ယာဉ်မောင်းကို တရားဥပဒေအရအရေးယူသွားမယ်လို့သိရပါတယ်။ ပရိတ်သတ်တွေအတွက်ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - Moe Aung ( f U )


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။