ပရိသတ်အချစ်တော် ဆယ်ကျော်သက်အနုပညာရှင်လေးတွေထဲမှ တစ်ယောက်အပါအဝင် ဖြစ်တဲ့ယွန်းယွန်း ကတော့ ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့ကောင်မလေးပဲဖြစ်ပါတယ်။မကြာသေးခင်ကမှ အသက်(၁၈)နှစ် ပြည့်ထားတဲ့သူမကတော့ တစ်နေ့တစ်ခြားပိုပိုပြီးလှလာပါတယ်။ဒီနေ့မှာလည်း သူမရဲ့အရမ်းကိုချစ်ဖို့ကောင်း တဲ့ Sanpပုံရိပ်လေးတွေကို ပရိသတ်တွေဆီမျှဝေပေးချင်ပါတယ်။ 

သူမရဲ့ချစ်စရာကောင်းတဲ့ လျှပ်တစ်ပြတ် Snap ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရင်ကို လျှပ်တစ်ပြတ် ဝင်ရောက်ဖမ်းစားလိုက်သလိုပါပဲ။ချစ်စရာကောင်းတဲ့သူမရဲ့အပြုံးလေးတွေကလည်း ရင်ကိုအနီးကပ်ပစ်ခွင်း လိုက်တဲ့ မြှားလေးတစ်စင်းလို ဟတ်ကိုထိသွားရစေတာပဲ ဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာတော့ Snap Of The Day ဆိုတဲ့စာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ပုံလေးတွေမျှဝေထားတာပဲ ဖြစ်ပါတယ်။

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ရွှေမင်းသမီး နှင့် လူလိမ် ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။သူမရဲ့ ဇာတ်လမ်းတွဲအသစ်လေးကိုတော့ မကြာခင်မှာ မြဝတီ Documentary Channel မှာထုတ်လွင့်ပြသတော့မှာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော်ယွန်းယွန်းရဲ့ အနုပညာခြေလှမ်းသစ်လေးကို အားပေးကြမယ်မဟုတ်လားပရိသတ်ကြီး?။ 

သတင်းအရင်းအမြစ် - ယွန်းယွန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။